ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌လူနာများအား အခမဲ့ကုသပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌လူနာများအား အခမဲ့ကုသပေး




MNP - မေ  ၂၉


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိ ပါမောက္ခ ဒေါက်တာသန်းလွင် (အသည်းပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော လူနာ(၃၁၂)ဦးအား အခမဲ့ကုသပေးခဲ့သည်။


အဆိုပါဆေးခန်းကို အပတ်စဉ်စနေနေ့တိုင်းဖွင့်လှစ်ပြီး မျက်စိရောဂါ၊ အသည်းရောဂါ၊ မီးယပ်သားဖွားရောဂါ၊ နှလုံးရောဂါ၊ သွားရောဂါ၊ အရိုးအကြောရောဂါ၊ ကျောက်ကပ်ရောဂါ နှင့်ဆီးလမ်းကြောင်းရောဂါစသည့် အထူးကုဆရာဝန်များကလည်း တစ်လလျှင်တစ်ကြိမ် လာရောက်၍ မေတ္တာဖြင့်ကုသပေးကြပြီး အသည်းကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသောသူများအား ဆေးထိုးပေးခြင်း၊ ဆေးဝါးများလည်း အခမဲ့ပေးလှူကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)