ပေါက်ခေါင်းမြို့နယ်၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု မြန်မာမုန့်ပြုလုပ်နည်း သင်တန်းဆင်းပွဲ ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု မြန်မာမုန့်ပြုလုပ်နည်း သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

 


MNP - မေ    ၁

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ အိုးမကွာအိမ်မကွာဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စီးပွါးရေး လုပ်ကိုင်နိုင်ရန်ရည်ရွယ်၍  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု မြန်မာမုန့်ပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့နယ် ဗောဓိကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဌေးဇော်တို့က သင်တန်းဆင်းအမှာစကားများ ပြောကြားပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ အဆိုပါသင်တန်းတွင် မြန်မာမုန့်လုပ်နည်းပညာများကို သင်ကြားပေးသည့် ဆရာမမှ ရွှေကျီစနွင်းမကင်း၊ မုန့်ကျွဲသဲ၊ မုန်လာဥနီစနွင်းမကင်းစသည့်မုန့်ပြုလုပ်နည်းများကို လက်တွေ့သင်ကြားပေးခဲ့ပြီး အဆိုပါကျေးရွာမှ သင်တန်းသူ(၂၀)ဦးတို့အား ဧပြီလ ၂၄ ရက်မှ ၃၀ ရက်နေ့အထိ လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။

သတင်း - သန်းထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)