ကျောင်းကုန်းမြို့၌ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး ‌ခြင်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းကုန်းမြို့၌ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး ‌ခြင်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်

 




,MNP - မေ  ၂၉


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။


ကျောင်းကုန်းမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း(၁၉၁)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၃)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း(၂)ကျောင်း၊ စုစုပေါင်း(၁၉၆)ကျောင်း၌ ကျောင်းသား/သူများ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးနှင့် ငှက်ဖျားရောဂါကင်းဝေးစေရေးတို့အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း၊ အဘိတ် Abate ဆေးခတ်ခြင်းလုပ်ငန်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ကျန်းမာရေးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ မြို့နယ်ဆရာဝန်ကြီး‌ ဒေါက်တာ အေးနိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်၊ ကျောင်းအုပ်ဆရာကြီး ဦးဆန်းထွန်းနှင့် ဆရာ/ဆရာမများ ကြည့်ရှုအားပေးခဲ့ကြသည်။


ဆက်လက်၍ အောက်ပိုင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ မြင်းလမ်းကုန်း အခြေခံပညာမူလတန်းကျောင်း၊ ကံ့ကော်အခြေခံပညာမူလတန်းကျောင်းနှင့် ဥယျာဉ်ကြီးဘုန်းတော်ကြီးသင်ကျောင်းများသို့ ခြင်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)