သနပ်ပင်မြို့နယ်၌ (၂/ ၂၀၂၂) အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သနပ်ပင်မြို့နယ်၌ (၂/ ၂၀၂၂) အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

 



MNP - မေ   ၃၁


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် (၂/၂၀၂၂) ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကိုဗစ်-၁၉  စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထက်မှ ကျေးဇူးတင်စကား ပြောကြားပြီး ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဟန်အောင်မှ ရှေးဦးပြုစုခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဆင်းရဲဒုက္ခနည်းပါး သက်သာစေရန်၊  ကျန်းမာရေးကဏ္ဍမြှင့်တင်ရန်၊ ရောဂါဘေးကာကွယ်တာဆီးရေး၊ ဘေးဒုက္ခ ကျရောက်သောသူများ ကူညီဆောင်ရွက်ပေးရန်၊  မြို့နယ်အတွင်းရပ်ကွက်‌နေ ပြည်သူများ၏စိတ်တွင် လူသားချင်းစာနာထောက်ထားသည့် စိတ်ဓာတ်များ ဖြစ်ပေါ်စေရန်၊ စေတနာ့ဝန်ထမ်းစိတ်ဓာတ်များ ကိန်းအောင်လာစေရေးနှင့် လူမှုဂရုဏာလုပ်ငန်းများတွင်စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပို့ချခြင်းဖြစ်သည်။ ထို့နောက် သင်တန်းတွင် ပထမဆု၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူမျာအား ပဲခူးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမျိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထက် ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများက ဆုများ၊ ကြက်ခြေနီဝတ်စုံများနှင့် သင်တန်းဆင်းလက်မှတ်များအား အသီးသီး ပေးအပ်ခဲ့ကြသည်။


အဆိုပါ (၂/၂၀၂၂)ရှေးဦးပြုစုခြင်းသင်တန်းကို သင်တန်းနည်းပြအဖြစ် ပဲခူးတိုင်းဒေသကြီး၊ ကြက်ခြေနီတပ်ဖွဲ့မှ တိုင်းနည်းပြမှူး ဦးသိမ်းအောင်၊ အထောက်အကူပြုဆရာမ ဒေါ်ဇင်မာနွယ်၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဒေါ်ဝင်းပပမျိုး၊ ဒုတပ်ဖွဲ့မှူး ဦးရှိန်းမောင်မောင် နည်းပြ(၄)ဦးမှ ဖွင့်လှစ်ပို့ချကာ သင်တန်းကာလမှ မေ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပြီး ၎င်းသင်တန်းသို့ မြို့ပေါ် ရပ်ကွက်များမှ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)