ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

 


MNP - မေ   ၃၀


ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို  ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ တော်ဝင်သဇင်ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးညီညီအောင်က အမှာစကားပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆောင်ပုဒ်ဖြစ်သည့်  "ကျောင်းနေ အရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" အတိုင်းမြို့နယ်အတွင်း ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၆ ရက်နေ့မှ ဇွန် ၁ ရက်နေ့ထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရေးများ လက်ခံဆောင်ရွက်ပေးနေကြောင်း၊ နိုင်ငံတော်မှ အသိပညာအတတ်ပညာများ ပြည့်ဝစေရန် အဆင့်မြှင့်တင် ဆောင်ရွက် ပေးလျက်ရှိရာ ဦးတည်ချက်(၉)ရပ်ချမှတ်တွင် ပါဝင်သည့် တစ်မျိုးသား လုံးကျန်းမာကြံ့ခိုင်ရေးနဲ့ ပညာရည်မြင့်မားရေး ဦးတည်ချက် ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး အတွက်အနာဂါတ်ကို ဦးဆောင်မယ့် မျိုးဆက်သစ် လူငယ်များ မွေးထုတ်ပေးမယ့် စာသင်ကျောင်းများဖြစ်တဲ့အတွက် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊  ကျောင်းသားမိဘများ လက်တွဲပြီး ကလေးငယ် များ၏ အနာဂါတ်ဘဝများ သာယာလှပစေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းရီမှ ကျောင်းအပ်နှံရေးနှင့် ကျောင်းဖွင့်လှစ်ခြင်းဆိုင်ရာ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း နေ့ကြီးရက်ကြီးပြိုင်ပွဲများတွင် စာစီစာကုံး၊ ကဗျာ၊ ကျပန်း၊ ဆောင်းပါး၊ ပိုစတာ ဆုများ ရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရသည်။


သတင်း - မြင့်မြင့်ရီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)