ရွှေကူမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေကူမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ




MNP - မေ   ၂၉


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခန့်က ရွှေကူမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပရာ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာ‌ရေးမှူး၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ လူတိုင်းအခြေခံပညာသင်ယူခွင့်ရရှိစေရန်၊ ကျောင်းအပ်နှံရေး အခွင့်အလမ်းများရရှိပြီး ကျောင်းတက်၊ ကျောင်းနေနှုန်းမြင့်မားလာစေရန်နှင့် အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြယ်ပြန့်ပြန့် အကောင်အထည်ဖော်ရေးတို့ ဖြစ်ပါကြောင်း၊ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေးအတွက်  ဒေသဆိုင်ရာလူမှုရေး အသင်းအဖွဲ့များ၊ မိဘပြည်သူများ၊ ဆရာ၊ ဆရာမများက ပူးပေါင်းလုပ်ဆောင်ပေးကြပါဟု အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်ပညာရေးမှူး ဦးအောင်ဆွေက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံ‌ရေးဆိုင်ရာ ကိစ္စများကို ရှင်းလင်းပြောကြားခဲ့သည်။


ယင်းနောက် မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းမှ ကျောင်းသားကျောင်းသူများအတွက် ဗလာစာအုပ်(၁၀)ဒါဇင်ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဦးအောင်ဆွေက လက်ခံရယူခဲ့သည်။ ဆက်လက်၍  မြို့နယ်ပညာရေးကြီးကြပ်မှု‌ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူးကျော်မိုးသွင်၊ မြို့နယ်ရဲမှူးတင့်နိုင်နှင့် တာဝန်ရှိသူများက အဆင့်မြင့်ပညာဦးစီးဌာနက အခမဲ့ဖြန့်ဝေသော  ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ mask၊ facesheild တို့ကိုထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။


သတင်း - ခင်ပပသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)