နမ္မတူမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ္မတူမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်






MNP - မေ ၂၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်ဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်၊ ကြိုတင်ကာကွယ်ရန်နှင့် ကျောင်းသားကျောင်းသူလေးများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေး၊ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကျောင်းပတ်ဝန်းကျင်၌ ခြင်များ ပေါက်ဖွားနိုင်မှု မရှိစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား အသိပညာပေးဆောင်ရွက်ကာ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည့် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်းသို့ ကွင်းဆင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - လူမော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)