ပန်းဘဲတန်းမြို့နယ်တွင် စုပေါင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းဘဲတန်းမြို့နယ်တွင် စုပေါင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

 


MNP - မေ   ၁၇


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ် မဟာသိမ်တော်ကြီးကျောင်းတိုက်သိမ်ကျောင်း အတွင်း၌ ပန်းဘဲတန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်နှင့် လသာမြို့နယ်(၃)မြို့နယ် စုပေါင်း၍ စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ၂၀၂၀-၂၀၂၁ခုနှစ်တွင် ဓမ္မာစရိယစာမေးပွဲ၊ နိကာယ်စာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူး‌ဆောင်၊ ဝိသုဒ္ဓိမင်္ဂနှင့်အဘိဓမ္မာစာမေးပွဲ အောင်မြင်ကြသော သံဃာတော်နှင့် သီလရှင် (၂၄၂)ပါးတို့ကို အောင်လက်မှတ်များနှင့် နဝကမ္မအလှူငွေကျပ် (၃၆၆၃၀၀၀)ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားကို မြို့နယစီမံအုပ်ချုပ်‌ရေးဥက္ကဋ္ဌ ဦးကျော်စွာရဲနှင့် ကျောက်တံတားမြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမြင့်စိန်တို့ ခေါင်းဆောင်ပြီး မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ရွှေဇင်ခိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)