ရန်ကင်းမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP - မေ   ၁၆


ရန်ကင်းမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အမှတ်(၄)ရပ်ကွက် မြို့မစာကြည့်တိုက်တွင် ယနေ့နံနက် ၁၁:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ရှေ့ဦးစွာ ရန်ကင်းမြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်က ရန်ကုန်တိုင်းအစိုးရမှ စာအုပ်စာစောင်များကို ရပ်ကွက်စာကြည့်တိုက်များ လယ်ဝယ်အရောက် လှူဒါန်းနိုင်ရေးအတွက်ပေးအပ်ခဲ့ရာ တန်ဖိုးရှိသော၊ ကောင်းမွန်သောစာပေပညာရှင်များ၏ အဖိုးမဖြတ်နိုင်သော စာအုပ်ကောင်းများဖြစ်၍ စနစ်တကျမှတ်တမ်းပြုငှားရမ်းခြင်း၊ စာငှား/စာဖတ်သူများအတွက် စိတ်ဝင်စားဖွယ်ဖြစ်အောင် စနစ်တကျထားသိုထိန်းသိမ်းခြင်း၊ ပညာရပ်မျိုးတူစုအလိုက် သေချာစွာစီထားခြင်းတို့ဖြင့် တန်ဖိုးရှိသော စာအုပ်စာစောင်များကို ဖတ်ချင်စဖွယ်ဖြစ်အောင် စည်းကမ်းကျနစွာ ထိန်းသိမ်းဆောင်ရွက်ထားရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ စာအုပ်စာစောင်များလှူဒါန်းခြင်းအတွက် အားရဝမ်းမြောက်မိပါကြောင်းနှင့် တန်ဖိုးရှိသောစာအုပ်စာစောင်များကို မှတ်တမ်းများနှင့် စနစ်တကျထားသိုထိန်းသိမ်း ဆောင်ရွက်နိုင်ရန် ဂရုပြုစေလိုပါကြောင်း စာအုပ်စာစောင်များလှူဒါန်းမှုအတွက် ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ တက်ရောက်လာကြသော မြို့မစာကြည့်တိုက်မှဦးကျော်ဌေးက စာအုပ်စာစောင်များ လှူဒါန်းသည့်အတွက် ဝမ်းသာကြည်နူးမိပါကြောင်း၊ မိမိတို့ စာကြည့်တိုက်တွင် တန်ဖိုးကြီးသောစာအုပ်စာစောင်များ များစွာရောက်ရှိလာသည့်အတွက် စာအုပ်စာစောင်များကို ရိုသေစွာကိုင်တွယ်၍ စနစ်တကျမှတ်တမ်းသွင်းကာ စာဖတ်ပရိသတ်များ အဆင်ပြေစွာဖတ်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြဆွေးနွေးပါသည်။


အဆိုပါ ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် အလုပ်ရုံဆွေးနွေးပွဲသို့ စာကြည့်တိုက်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များ၊ စာကြည့်တိုက်မှူးများ၊ မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်းမှ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်က ပရိဘောဂနှင့် စက်ပစ္စည်းများကိုလည်း ဆက်လက်လှူဒါန်းပေးမည်ဖြစ်ပြီး စာကြည့်တိုက်ပိုင်းဆိုင်ရာကိစ္စရပ်များကိုလည်း လိုအပ်မှုရှိပါက ကူညီဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း - အိရွှေစင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)