ညောင်ဦးမြို့နယ်အတွင်း ချက်ခြင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးအသင့်စုဖွဲ့ထားရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးမြို့နယ်အတွင်း ချက်ခြင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးအသင့်စုဖွဲ့ထားရှိ

 





MNP - မေ  ၂၄


မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် စဉ့်ကူးနယ်မြေမီးသတ်စခန်းအတွင်း မီးဘေးအန္တရာယ်နှင့်သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ချက်ခြင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် စဉ့်ကူးနယ်မြေအတွင်း အသင့်စုဖွဲ့ထားရှိသော ရှာဖွေကယ်ဆယ်ရေးတပ်စု အင်အားစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လူ၊ယာဉ်နှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများ ကြံ့ခိုင် ကောင်းမွန်အဆင်သင့်ရှိနေဖို့အတွက် စုဖွဲ့လေ့ကျင်းခြင်းကို မေ ၂၄ ရက်၊နံနက် ၇နာရီအချိန်က ညောင်ဦးခရိုင်၊ ခရိုင်မီးသတ်ဦးစီးဌာန ၊စဉ့်ကူးနယ်မြေမီးသတ်စခန်းရှေ့ကွင်းပြင်ကျယ်တွင် စုပေါင်းလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။


အဆိုပါ စုဖွဲ့လေ့ကျင့်မှုအား ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး  ဦးကျော်မင်းသူ ဦးဆောင်၍ ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာန၊ ရုံးဝင်းအတွင်း၌ ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ စဉ့်ကူးနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် စုပေါင်း လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ မကြာမီမိုးဦးရာသီသို့ရောက်ရှိလာတော့မည်ဖြစ်သည့် အပြင် လက်ရှိအချိန်တွင်လည်း မုတ်သုန်လေများကြောင့် မုန်တိုင်းများဖြစ်ပေါ်ကာ မကြာခဏ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခိုက်ခြင်းများကြောင့် ရုတ်တရက် ရေကြီးမှုများနှင့်အတူ သစ်ပင်များပြိုလဲ၍ လူနေအိမ်နှင့် အခြားအဆောက်အဦးများ ထိခိုက်ပျက်စီးခြင်း၊ အများပြည်သူသွားလမ်းမကြီးများပေါ် သစ်ပင်လဲကျပိတ်ဆို့ခြင်း၊ လေဘေးဒဏ်ကြောင့် လူနေအိမ်များ နှင့် အခြားအဆောက်အဦများ အမိုးလန်ပျက်စီးခြင်း၊ ပြိုကျခြင်း အစရှိသည်တို့ မကြာခဏဖြစ်ပေါ်လျက်ရှိသဖြင့် မီးသတ်ဦးစီးဌာနအနေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ပေးလျက်ရှိရာ ညောင်ဦးမြို့နယ်အတွင်း မီးဘေးအန္တရာယ်နှင့်သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက ချက်ခြင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိကြောင်းလည်း သိရသည်။


သတင်း - ကိုထိန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)