မောင်တောမြို့နယ်အတွင်းရှိ ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ဆက်လက် ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မောင်တောမြို့နယ်အတွင်းရှိ ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ဆက်လက် ထိုးနှံပေး



MNP ၊ မေ   ၁၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ ကာကွယ်ဆေး  နှစ်ကြိမ်ထိုးနှံပြီးစီးသော ပြည်သူ များ အား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose  ထိုးနှံပေးခြင်းကို  ယမန်နေ့ နံနက်ပိုင်းက သတ်မှတ် စုရပ် နေရာ များ တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး မြို့နယ်ကုသရေးဦးစီးမှူး ဦး ဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ကာ ကွယ် ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း ၊ လာရောက် ထိုးနှံသည့် သူများ အား ကိုယ် အပူ ချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ သွေးတွင်း အောက်စီဂျင် ပမာဏ တိုင်းတာခြင်း ၊ကျန်းမာ ရေး စစ် ဆေးခြင်းများကို ဆောင် ရွက် ပေးကာ ပုံမှန် အခြေ အနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့် အနား ယူစေသည်။ 

အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက နိုင်ငံဝန်ထမ်း ၅ ဦး ၊ ပြည်သူ ၆၁၀ ဦး  စုစုပေါင်း ၆၁၅ ဦး အားထိုးနှံပေးခဲ့ပြီး  မေ ၉ ရက်နေ့ထိ  ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပြီးစီးသူ  ၇၀၀၉  ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက် များ နှင့် အညီ ဆက် လက်ထိုးနှံပေးခဲ့ပြီး  ဖြစ်ကြောင်း သိရ သည်။ 


သတင်း - သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)