ဘီးလင်းမြို့နယ်၌ သင်ရိုးသစ် Grade-5 မြို့နယ် အဆင့်(ဆင့်ပွား)သင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၉၄၅)ဦးတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘီးလင်းမြို့နယ်၌ သင်ရိုးသစ် Grade-5 မြို့နယ် အဆင့်(ဆင့်ပွား)သင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၉၄၅)ဦးတက်ရောက်






MNP ၊ မေ ၁၀ 

သထုံခရိုင် ဘီးလင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grade- 5 မြို့နယ်အဆင့် (ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အထက (ဘီးလင်း)ကျောင်း၌ ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ဘီးလင်းမြို့နယ်ပညာရေး မှူး ဒေါ်ညွန့်ရီက သင်ရိုးသစ် Grade-5 သင်တန်း မြို့နယ်အဆင့်(ဆင့်ပွား )သင်တန်း ပို့ချရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်ရိုးသစ် Grade-5 မြို့နယ် အဆင့်သင်တန်းသို့ သင်တန်းသား၊သင်တန်းသူ ၉၄၅ ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြဆရာ၊ဆရာမ ၆၂ ဦးနှင့် ကြီးကြပ် ၆ ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်စာ၊သင်္ချာ၊သိပ္ပံ၊လူမှုရေး၊စာရိတ္တနှင့်ပြည်သူ့နီတိ နှင့် ကာယပညာ ဘာသာရပ် (၇)မျိုးကို မေလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့ထိ နေ့စဉ်နံနက်(၈) နာရီမှ ညနေ(၄)နာရီအထိ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)