ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်(၄)မှတ်တမ်းပါ အချက်အလက်များအား ကွန်ပျူတာစနစ်ဖြင့် Data Import ရေးသွင်းခြင်းလုပ်ငန်း (၇၀)ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်(၄)မှတ်တမ်းပါ အချက်အလက်များအား ကွန်ပျူတာစနစ်ဖြင့် Data Import ရေးသွင်းခြင်းလုပ်ငန်း (၇၀)ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေး

 







MNP - မေ   ၁၂

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်ရုံး၏ ကြီးကြပ်မှုဖြင့် နိုင်(၄)မှတ်တမ်းပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် အချက်အလက်များ Excel Software ဖြင့် Data Import ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအားလုံး၏ ၇၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့၌ ဝန်ထမ်းများ စုဖွဲ့ဆောင်ရွက်လျက်ရှိသည့် နေရာများသို့ လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ထိုသို့လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြစ်ကြီးနားမြို့နယ် ဦးစီးမှူးရုံးဟောင်း၌ ဝန်ထမ်းများ နိုင်(၄)မှတ်တမ်းပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် အချက်အလက်များကို Excel ဖြင့် စိစစ်တိုက်ဆိုင် Data Base ရေးသွင်းခြင်း ရုံးချုပ်ဆာဗာသို့ Excel Import လုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ဝန်ကြီးဌာနဝန်ထမ်းများနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ စုဖွဲ့ဆောင်ရွက်လျက်ရှိသည့် ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)၌ လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ လည်းကောင်း၊ မြစ်ကြီးနားမြို့၊ ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးရှိ မြို့နယ်ဦးစီးမှူးရုံး၊ မှတ်တမ်းခန်းမ၌ လည်းကောင်း Excel Software ဖြင့် မှတ်တမ်းများ စိစစ်ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှများနှင့် ရုံးချုပ်ဆာဗာအတွင်း ထည့်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး၊ စာရင်းရေးသွင်းနေသည့် ဝန်ထမ်းများအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၉၅၀၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ နိုင်(၄)မှတ်တမ်းပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် အချက်အလက်များ ရေးသွင်းခြင်းလုပ်ငန်းကို လဝကဝန်ထမ်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ တပ်ရင်း/ တပ်ဖွဲ့များ စုဖွဲ့၍ (၆)လကျော် လုပ်ငန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ရုံးချုပ်ဆာဗာအသွင်းသို့ ထည့်သွင်းခြင်းလုပ်ငန်း (၇၀)ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရပြီး၊ နိုင်(၄)မှတ်တမ်းပါ အချက်အလက်များ Excel Software ဖြင့် စိစစ်တိုက်ဆိုင် Data Base ရေးသွင်းခြင်းလုပ်ငန်းအားလုံးကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)