MNP ၊ မေ ၁၁
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိုက်ထွန်း ၏ဦးဆောင်မှုဖြင့် ပေါင်မြို့နယ်တွင် e - ID Server အတွင်း နိုင် - ၄ထည့်သွင်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်နေကြောင်းသိရသည်။
ပေါင်မြို့နယ်တွင် e - ID Server အတွင်း နိုင်-၄ထည့်သွင်းရမည့် စုစုပေါင်းဦးရေ (၂၇၈၉၈၁) ဦးဖြစ်ပြီး မေလ (၁၀)ရက်နေ့အထိ နိုင်-၄ ရိုက်သွင်းပြီးစီးမှုမှာ (၃၈၉၇၁)ဦးရှိပြီး မေလ (၁၁)ရက်နေ့မှစ၍ e - ID Server စာရင်းသွင်းရန်ကျန် (၂၄၀၀၁၀) ဦးအား တစ်ရက်လျှင် တစ်ဖွဲ့ လူဦးရေ(၁၀၀၀) နှုန်း ဖြင့် (၁၀) ဖွဲ့ တစ်နေ့လူဦးရေ(၁၀၀၀၀) ဖြင့်မေလ (၂၄)ရက်နေ့အထိ အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် e - ID Server အတွင်း နိုင်-၄ ထည့်သွင်းခြင်းလုပ်ငန်းများ ပိုမိုလျှင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့တစ်ဖွဲ့ကို ကွန်ပျူတာတစ်လုံးကို လူတစ်ဦး နှုန်းဖြင့် (၁၀)ဖွဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားသောဌာနဆိုင်ရာများ၏ကူညီပံ့ပိုးမှုများ ဖြင့် လုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
သတင်း - မွန်မလေး
https://t.me/MyanmarNationalPost







No comments:
Post a Comment