သာယာဝတီမြို့၌ အမျိုးသမီးများနှင့်ပတ်သက်သည့် GENDER, CEDAW, NSPAW နှင့် UNSCR 1325 အကြောင်း အသိပညာပေးဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သာယာဝတီမြို့၌ အမျိုးသမီးများနှင့်ပတ်သက်သည့် GENDER, CEDAW, NSPAW နှင့် UNSCR 1325 အကြောင်း အသိပညာပေးဆွေးနွေး



MNP - မေ  ၂၅


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက GENDER, CEDAW, NSPAW နှင့် UNSCR 1325 စသည့် အမျိုးသမီးများနှင့် ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းအရာများ အသိပညာပေးဆွေးနွေးပွဲကျင်းပသည်။


ရှေးဦးစွာ သာယာဝတီခရိုင်၊ အမျိုးသမီးကော်မတီ‌ဥက္ကဋ္ဌကိုယ်စား ခရိုင်လဝက ဒုတိယညွှန်ကြားရေးမှူး ဦးလှမျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး  သာယာဝတီခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး ခရိုင်ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီထွန်းက သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံး၏ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ လက်ပံတန်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦစီးအရာရှိ ဒေါ်အေးသန်းက ကျား/ မရေးရာ အခြေခံသဘောတရားများ (GENDER) အကြောင်းကိုလည်းကောင်း၊ သာယာဝတီခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦစီးမှူးဒေါ်မို့မို့အေးက အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး ကုလသမဂ္ဂသဘောတူစာချုပ်(CEDAW) အကြောင်းကိုလည်းကောင်း၊ သာယာဝတီခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်စိုးက အမျိုးသမီးများအား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW)အကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားသည်။


ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂ္ဂလိကပိုင်ကျောင်းများမှ ကိုယ်စားလှယ်များက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - သန့်ဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)