Pages

Pages

သထုံမြို့နယ်၌ Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်









MNP ၊  မေ ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade- 5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားလျှက်ရှိကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးမော်က လာမည့်ပညာသင်နှစ်၌ စတင်မည့် အခြေခံပညာမူလတန်း ပဉ္စမတန်းသင်ရိုးသစ် အကြောင်းအရာများကိုမိတ်ဆက်ရန်၊ သင်ရိုးသစ်တွင်ပါဝင်သည့် နည်လမ်းသစ်များ၊ သင်ကြားသင်ယူမှုလုပ်ငန်းစဉ်၌ အသုံးပြုထားသော ချဉ်းကပ်နည်းများကို အဓိက မိတ်ဆက်ရန်နှင့် ယခုသင်တန်းမှတစ်ဆင့် သင်ရိုးသစ်ကို ဘက်စုံထောင့်စုံမှ နားလည်သဘောပေါက်စေရန်ရည်ရွယ်ကာ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းအမှာစကား ပြောကြားသည်။

သင်တန်းတွင် သထုံမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းများတို့မှ မူလတန်းပြ ဆရာ/ဆရာမစုစု‌ပေါင်း(၈၁၆)ဦးတို့အား သင်ရိုးသစ် ဗဟိုအဆင့် နည်းပြ Online သင်တန်းတက်ရောက်ခဲ့ကြသည့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး (၅၂) ဦးတို့က နည်းပြအဖြစ်ပြန်လည်ဆင့်ပွား ပို့ချပေးသွားကြမည်ဖြစ်သည်။

အဆိုပါသင်တန်းကို မေလ ၁၀ ရက်နေ့မှ  ၁၃ ရက်နေ့အထိ ၄ ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊သင်္ချာ၊သိပ္ပံ၊လူမှုရေး၊စာရိတ္တနှင့်ပြည်သူ့နီတိ နှင့် ကာယပညာ ဘာသာရပ် (၇)မျိုးတို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သထုံမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment