Pages

Pages

ကျိုက်ထိုမြိုန့ယ်၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် သင်ရိုးသစ်(Grade-5) မြို့နယ်အဆင့်သင်တန်း‌ ဖွင့်လှစ်







MNP ၊ မေ ၁၀

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံ ပညာဦးစီးဌာနမှမွန်ပြည်နယ် သထုံခရိုင် ကျိုက်ထိုမြို့နယ်အတွင်းရှိမူလွန်ကျောင်း အုပ်များနှင့် မူလတန်းကျောင်းအုပ်များလက်ထောက်ဆရာ/ဆရာမများအားမြို့နယ်အဆင့်သင်ရိုးသစ်(Grade-5)ဆင့်ပွား သင်တန်း ကို‌ မေ ၁၀ရက်နံနက်၉နာရီတွင်ကျိုက်ထိုမြို့အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းရာပြည့်ခန်းမ၌ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်လှစ်ရာတွင်မြို့နယ် ပညာရေးမှူး ဒေါ်သီသီဝင်း ကအဖွင့်အမှာစကားပြောကြားပြီးဒုတိယမြို့နယ်ပညာ ရေးမှူး ဦးအောင်မြင့်ထွန်း ကသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကိုပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၆၁၃)ဦးတက်ရောက်ပြီးသင်တန်းကာလမှာ မေ(၁၀)ရက်မှမေ(၁၃)ရက်နေ့ထိ နည်းပြဆရာ(၄၂)ဦး မှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ နှင့် ကာယပညာ ဘာသာရပ် (၇)မျိုးတို့ကို သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း -  ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment