ဘူးသီးတောင်မြို့၌ မြို့နယ်အဆင့် (Grade 5) သင်ရိုးသစ် ဆင့်ပွားသင်တန်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘူးသီးတောင်မြို့၌ မြို့နယ်အဆင့် (Grade 5) သင်ရိုးသစ် ဆင့်ပွားသင်တန်း ဖွင့်လှစ်







MNP ၊ မေ ၁၀

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့ ၌မြို့နယ်အဆင့် (Grade  5) သင်ရိုးသစ် ဆင့်ပွားသင်တန်း ကိုယနေ့ နံနက်(၉)နာရီက ဘူးသီးတောင်မြို့ အမှတ်( ၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ တီထွင် ဖန်တီးတတ်စေရန်၊ အတွေးအခေါ်ကောင်းများ ရှင်သန်စေရန်၊ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးတတ်စေရန်၊ လက်တွေ့ကျကျ အကောင်အထည်ဖော်တတ်စေရန်နှင့် ဆရာ၊ ဆရာမများ သင်ကြားပို့ချမှုများ အရည်အသွေးကောင်းမွန်စေရန် ရည်ရွယ်၍ (Grade  5) သင်ရိုးသစ် ဆင့်ပွားသင်တန်းကို သင်ကြားပို့ချရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ မူလတန်းကျောင်းအုပ် သင်တန်းနည်းပြ(၅၈)ဦး က သင်ကြားပို့ချမည်ဖြစ်ရာ သင်တန်းသားအခြေခံပညာမှုလတန်းပြ ဆရာ၊ ဆရာမ (၈၀၇)ဦး တို့ကတက်ရောက်သင်ယူလျက်ရှိပြီးသင်တန်းကာလမှာမေလ(၁၀)ရက်နေ့မှ (၁၃)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။


သတင်း - လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)