Pages

Pages

မောင်တောမြို့၌ မြို့နယ်အဆင့် Grade-5 သင်ရိုးသစ်သင်တန်း ဖွင့်လှစ်ပို့ချလျက်ရှိ














MNP ၊  မေ  ၁၀

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်  Grade-5 သင်ရိုးသစ် သင် တန်းဖွင့်ပွဲကို ယနေ့  နံနက် ၉ နာရီမှ စတင်ကာ  အ.ထ.က(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျန်း မာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များ နှင့် အညီ  ဖွင့်လှစ်ကာ သင်တန်း ပို့ချပေးလျှက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ  ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်ဝေသိန်းက အဖွင့်အမှာ စကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး  ဦးအောင်စံကျော်မှ သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက်  သင်တန်းနည်းပြ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်း က သင်တန်း နှင့် ပတ်သတ်၍  သင်တန်းမှ ပို့ချပေးမည့် ဘာသာရပ်များအား စနစ်တကျ လေ့လာမှတ်သားသင်ယူကြရန် နှင့်  သင်တန်းတွင် လိုက်နာဆောင်ရွက်ကြရမည့် စည်းကမ်းချက်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ သည်။  အဆိုပါ မြို့နယ်အဆင့်  Grade-5 သင်ရိုးသစ် သင်တန်းတွင် နည်းပြ  ၅၂ ဦး တို့ကမြို့နယ် အတွင်းရှိ အခြေခံပညာ မူလတန်း အဆင့် ဆရာ/ဆရာမ  ၇၃၅ ဦးတို့အား မြန်မာစာ ၊ အင်္ဂလိပ်စာ  ၊သင်္ချာ ၊ သိပ္ပံ ၊ လူမှုရေး ၊ စာရိတ္တ နှင့် ပြည်သူ့နီတိ စသည့် ဘာသာရပ် များအား  မေ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ  နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြား ပို့ချ ပေးမည်ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment