MNP ၊ မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် Grade -5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က စဉ့်ကူးမြို့ အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အဆိုပါအခြေခံပညာမူလတန်းအဆင့် Grade-5 သင်ရိုးသစ်ဆင့်ပွားသင်တန်းကို မေလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ လေးရက်ကြာ ဖွင့်လှစ်သွားမည်ကြောင်း၊ အခြေခံပညာရုံးချုပ်မှ ပို့ချသောသင်တန်းကို တက်ရောက်ခဲ့သည့် မြို့နယ်အဆင့် နည်းပြ (၂၄) ဦးမှ ဦးဆောင်၍ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ သိပ္ပံဘာသာနှင့် ကာယဘာသာရပ်များကို ပို့ချပေး သွားမည်ဖြစ်ပြီး သင်တန်းသား ဆရာ(၉၀)ဦး၊ သင်တန်းသူ ဆရာမ (၂၆၉)ဦး၊ စုစုပေါင်း (၃၅၉) ဦး တက်ရောက် သင်ယူကြမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင် ထံမှ သိရသည်။
သတင်း - တင်ဇာလွင်
https://t.me/MyanmarNationalPost


No comments:
Post a Comment