ပေါက်တောမြို့၌ အ‌‌ခြေခံပညာဦးစီးဌာန Grade -5(သင်ရိုးသစ်)မြို့နယ်အဆင့်(Face TO Face) ဆင့်ပွားသင်တန်းဖွင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်တောမြို့၌ အ‌‌ခြေခံပညာဦးစီးဌာန Grade -5(သင်ရိုးသစ်)မြို့နယ်အဆင့်(Face TO Face) ဆင့်ပွားသင်တန်းဖွင့်

 






MNP ၊  မေ ၁၀

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ အ‌‌ခြေခံပညာဦးစီးဌာန Grade-5(သင်ရိုးသစ်)မြို့နယ်အဆင့်(Face TO Face)ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ပေါက်တောမြို့၊ အ.ထ.ကကျောင်း ရွှေဘန်းခန်းမတွင် ယနေ့နံနက် (၉)နာရီကပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးမောင်ဝင်းလှိုင်မှ အဖွင့် အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ရွယ်ရည်ချက်များကိုပြောကြားခဲ့သည်။ သင်တန်းကို နည်းပြဆရာ/ဆရာမ (၆၈)ဦးတို့က Grade-5 (သင်ရိုးသစ်) သင်ရိုးညွှန်းတန်းအတိုင်း သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ သင်တန်းတက်ရောက်သည့် ဆရာ/ဆရာမ စုစုပေါင်း(၉၄၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေလ(၁၀)ရက်နေ့မှ (၁၃)ရက်နေ့အထိ (၄)ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)