MNP ၊ မေ ၁၀
ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြေပုံမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့်(၁၂)နာ ရီအချိန်က ကံသာထွက်ဝရပ်ကွက် ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)စာစစ်ဌာနတွင် စတုတ္ထနေ့ ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားစေရန်နှင့် ပရိယတ္တိ သာသနာအကျိုးကိုသယ်ပိုး ထမ်းဆောင်ကြမည့် သာသနာ့အာဇာနည်ကြီးများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန ၊ သာသနာရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန်စာမေး ပွဲဖြေဆိုရာ၌ အခြေပြုမူလတန်း၌ ရှင်သာမဏေ(၁၉)ပါး တို့က တိကမာတိကာဘာသာအားလည်းကောင်း ၊ ပထမငယ်တန်း၌ ရှင်သာမဏေ(၁၉)ပါးတို့က တိကမာတိကာဘာသာ ၊ ဒုကမာတိကာဘာသာနှင့် ဓာတုက ထာဘာသာအားလည်းကောင်း ၊ ပထမလတ်တန်း၌ ရဟန်း / သာမဏေ(၁၇)ပါးနှင့် သီလရှင်(၁)ပါးတို့က သုတ္တန္တိကမာတိကာဘာသာနှင့်ဓာတုကထာဘာသာအားလည်းကောင်း ၊ ပထမကြီးတန်း တွင် ရဟန်း/သာမဏေ (၆)ပါးနှင့်သီလရှင်(၁)ပါးတို့က အဘိဓာန် ၊ အလင်္ကာ ၊ ဆန်းဘာသာတို့ကို ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းသိရ သည်။
ဆက်လက်၍ စာမေးပွဲဝင်ရောက်ဖြေဆိုနေသည့် သံဃာတော်များ နှင့် စာမေးပွဲကြီးကြပ်ရေး ဆရာ တော်ကြီးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးခိုင်လင်းနိုင်နှင့်အဖွဲ့ဝင်များ ၊ သာသနာရေးဦးစီးဌာန မှတာဝန်ရှိသူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများက သွားရောက်၍ လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြကြောင်းသိရသည်။
သတင်း - တင်ဝင်း
https://t.me/MyanmarNationalPost






No comments:
Post a Comment