မာန်အောင်မြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့် သင်ရိုးသစ် (Grade-8) မြို့နယ်အဆင့် Face to Face Training ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့် သင်ရိုးသစ် (Grade-8) မြို့နယ်အဆင့် Face to Face Training ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ





MNP - မေ  ၁၆


ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြခံပညာအလယ်တန်းအဆင့် သင်ရိုးသစ် (Grade-8) မြို့နယ်အဆင့် Face to Face Training ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉နာရီ မှ စတင်၍ မာန်အောင်မြို့ အထကတွင်  ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါသင်တန်းတွင် မြို့နယ် သင်တန်းကြီးကြပ်၂ဦးနှင့် သင်တန်းနည်းပြဆရာ ၁၈ဦးတို့က သင်တန်းသား ၂၈၆ ဦးတို့အား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံ၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယဘာသာရပ်များကို ယခုလ ၁၆ရက်နေ့မှ ၁၈ရက်နေ့ထိ (၃)ရက်ကြာ နေ့စဉ် နံနက်၉နာရီမှ ညနေ ၃နာရီ၄၅မိနစ်ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - သိန်းဖေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)