MNP ၊ မေ ၁၇
ပေါင်မြို့နယ်တွင်အခြေခံပညာအလယ်တန်းဆင့်(Grade-8) သင်ရိုးသစ်မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို မေလ(၁၇)ရက် နံနက်(၉)နာရီမှညနေ (၄)နာရီထိ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားနေကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက်ကလေးသူငယ်များပညာသင်ယူနိုင်မည့်အခွင့်အလမ်းမြင့်မားရေးကိုဦးတည်ပြီးအမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းရည်မှန်းချက်(၉)ရပ်ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊အခြေခံပညာရေးစနစ်ကို(KG+12)အစီအစဉ်ဖြင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစတင်ပြီး သင်ရိုးပြုပြင်ပြောင်းလဲပေးခဲ့သည်မှာ ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် ပြီးစီးနိုင် ရေး ဆောင်ရွက်ရန်ဖြစ်သော်လည်း ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် မူလတန်းအဆင့် ပဉ္စမတန်း(Grade-5) ၊အလယ်တန်းဆင့်အဋ္ဌမတန်း(Grade-8)၊အထက်တန်းဆင့်ဧကဒသမတန်း(Grade-11)တို့ကို သင်ရိုးညွှန်းတမ်း အသစ်များဖြင့် သင်ကြားသင်ယူမှု ဆောင်ရွက်နိုင်ရေးအတွက် ယခု မူလတန်းဆင့်အဋ္ဌမတန်း(Grade-8) သင်ရိုးသစ်သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ကလေးများအတွက်အရည်အသွေးအာမခံမှုရှိသော ပညာရေးစနစ်ကို အကောင်အထည် ဖော်ရာတွင် မြို့နယ် အဆင့်(Grade-8) သင်ရိုးသစ်ဆင့်ပွားသင်တန်းကို လာရောက်ကြသည့်ဆရာ၊ဆရာမများ အနေဖြင့် သင်ရိုးညွှန်းတမ်းကို ပိုင်နိုင်စေရန် သင်တန်းကာလအတွင်း ကြိုးစားပမ်းစား လေ့လာဆည်းပူး ဆောင်ရွက်ကြရန်လိုအပ်ပါသည်။
အဆိုပါအခြေခံပညာအလယ်တန်းဆင့်(Grade-8)သင်ရိုး မြို့နယ်ဆင့် ဆင့်ပွားသင်တန်းတွင် နည်းပြ (၁၅)ဦး ၊ပြည်နယ်ကြီးကြပ်(၁)ဦး၊သင်တန်းမှုး(၁)ဦး၊ ရုံးအဖွဲ့( ၅)ဦး၊ဆရာ၊ဆရာမ(၃၇၈)ဦးတက်ရောက်ခဲ့ပြီးမေလ(၁၆)ရက်နေ့မှ(၁၈)ရက်နေ့အထိသင်ကြားဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း - မွန်မလေး
https://t.me/MyanmarNationalPost




No comments:
Post a Comment