ပုဇွန်တောင်မြို့နယ်၌ ၂၀၂၂_၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် သင်ရိုးသစ် Grade-8 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ်၌ ၂၀၂၂_၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် သင်ရိုးသစ် Grade-8 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်



MNP - မေ   ၁၆


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ အခြေခံပညာတတ်မြောက်မှုအဆင့် မြင့်မားစေရန် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာမူလတန်းအဆင့်မှစတင်၍ သင်ရိုးသစ်များ ပြောင်းလဲသင်ကြား နိုင်ရေးအတွက် သင်တန်းများအဆင့်ဆင့် သင်ကြားပို့ချပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အလယ်တန်း အဆင့် အခြေခံပညာသင်ရိုးသစ် Grade- 8 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉ နာရီက ပုဇွန်တောင်မြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်မာမာအေးက သင်တန်းသား/သင်တန်းသူ များအား Gread-8 သင်ရိုးသစ် သင်တန်းပါ သွင်ပြင်လက္ခဏာများနှင့်အတွေးအခေါ်များကို နားလည် သဘောပေါက်စေရန်၊ GRADE-8 ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ်များကို အသုံးချပုံများ သိရှိစေရန်နှင့် ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများ၏ Basic Concept များကို ပိုမိုသိရှိနားလည် အသုံးပြုသင်ကြားနိုင်ရန်၊ ကျောင်းသုံး စာအုပ်နှင့် ဆရာလမ်းညွှန်အသင်း၏ ဖွဲ့စည်းပုံနှင့် အသုံးပြုပုံများကို နားလည်သဘောပေါက်ရန်များနှင့် သင်တန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဆရာ/ဆရာမများအနေဖြင့်   စနစ်သစ်ပညာရေးကို ကျောင်းသား/ ကျောင်းသူများအား ရှင်းလင်းစွာ သိရှိနားလည်စေရန် ပြန်လည်သင်ကြားပေးရာတွင် အထောက်အကူဖြစ်စေရန် ဆင့်ပွားသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းနှင့် GRADE-8 သင်ရိုးသစ် မွမ်းမံသင်တန်း၏ ယေဘုယျ ဦးတည်ချက်များနှင့် အဓိကဦးတည်ချက်ကို နားလည်သဘောပေါက်စေရန် ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ(၇)ဦးဖြင့် ပုဇွန်တောင်မြို့နယ်အတွင်းရှိ သင်တန်းသား ဆရာ/ ဆရာမ (၂၃)ဦးအား  နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ GRADE-8 သင်ရိုးသစ်လက်စွဲစာအုပ်မှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီ၊ သမိုင်းနှင့် စာရိတ္တနှင့် ပြည်သူ့နီတိပညာရပ်တို့ကို သက်ဆိုင်ရာဘာသာရပ်များအလိုက် မေလ (၁၆)ရက်နေ့မှ(၁၈)ရက်နေ့အထိ (၃) ရက်တာ ပြန်လည်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း - ဟန်စုယဉ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)