MNP ၊ မေ ၁၆
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် Grade-8 သင်ရိုးသစ် သင် တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီမှ စတင်ကာ အ.ထ.က(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ကာ သင်တန်း ပို့ချပေးလျှက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်မှ သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်းနှင့်ပတ်သတ်၍ ရှင်း လင်း ပြောကြားပြီး သင်တန်းနည်းပြ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်း က သင်တန်း နှင့် ပတ်သတ် ၍ သင်တန်းမှ ပို့ချပေးမည့် ဘာသာရပ်များအား စနစ်တကျ လေ့လာမှတ်သား သင်ယူ ကြရန် နှင့် သင်တန်း တွင် လိုက်နာဆောင်ရွက်ကြရမည့် စည်းကမ်းချက်များအား အကျယ်တဝင့် ရှင်းလင်း ပြော ကြားခဲ့သည်။
အဆိုပါ မြို့နယ်အဆင့် Grade-8 သင်ရိုးသစ် သင်တန်းတွင် နည်းပြ ၁၉ ဦး တို့ကမြို့နယ် အ တွင်း ရှိ အခြေခံပညာ အလယ်တန်းအဆင့် ဆရာ/ဆရာမ ၄၄၈ ဦးတို့အား မြန်မာစာ ၊ အင်္ဂလိပ်စာ ၊သင်္ချာ ၊ ပထဝီ ၊သမိုင်း ၊သိပ္ပံ ၊ စာရိတ္တ နှင့် ပြည်သူ့နီတိ စသည့် ဘာသာရပ် များအား မေ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြား ပို့ချ ပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost










No comments:
Post a Comment