ရွှေတောင်မြို့နယ်တွင်၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် Grade-8သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင်၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် Grade-8သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချ



MNP - မေ   ၁၆


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် (အထက) ရွှေတောင်ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် Grade(8) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးကျော်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် အခြေခံပညာ အလယ်တန်းအဆင့် (Grade-8)သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းတွင် သက်ဆိုင်ရာဘာသာရပ်နယ်ပယ်များမှ ကျွမ်းကျင်သည့် နည်းပြများက ပို့ချပေးမည်ဖြစ်ကြောင်း၊ ကျောင်းအဆင့်တွင် ပြန်လည်သင်ကြားပို့ချမည့် သင်တန်းသားများကလည်း သင်ရိုးသစ် အကောင်အထည်ဖော်ရာတွင် အလွန်အရေးကြီးသည့်အတွက် သင်တန်းသား ဆရာ၊ ဆရာမများအနေဖြင့် သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်တွင် ကျွမ်းကျင်စွာ သင်ကြားပို့ချနိုင်မှသာ ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ်တတ်မြောက်မည်ဖြစ်ကြောင်း ပြောကြားသည်။


နိုင်ငံတော်မှ ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အဓိကသော့ချက်အကျဆုံး နေရာတွင် ပါဝင်နေသောကြောင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ရွှေတောင် မြို့နယ်ရှိ ကျောင်းများမှ ဆရာ၊ ဆရာမများအား Grade(8) သင်ရိုးသစ်အား မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို (အထက) ရွှေတောင် အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်း၌ စတင်ဖွင့်လှစ်ပို့ချပေးလျက် ရှိပါသည်။


အဆိုပါအခြေခံပညာမူလတန်းအဆင့် Grade8 (သင်ရိုးသစ်)အား အ‌ခြေခံပညာကျောင်းပေါင်း (၄၅)ကျောင်းမှ မြို့နယ်အဆင့် သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ(၂၂၈)ဦး တက်ရောက်ကြပြီး သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်တွင် ကျွမ်းကျင် နည်းပြအဆင့် ဆရာ၊ ဆရာမ (၁၄)ဦးတို့က မေ(၁၆)ရက်နေ့မှ (၁၈)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိ ရပါသည်။


သတင်း - ကိုကိုမင်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)