MNP ၊ မေ ၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ လျှပ်စစ် ဓာတ်အားသုံးစွဲသူ မိဘပြည်သူများသိရှိနိုင်စေရန် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ၂၀၂၂-ခုနှစ်၊ မေလအတွင်း ဝန်အားလျော့ (Load Shed) ဆောင်ရွက်သွားမည့် အခြေအနေအား 66KV Gwa Substation Facebook Pageမှတစ်ဆင့် ကြိုတင်အသိပေးကြေညာထားကြောင်း သိရသည်။
၂၀၂၂-ခုနှစ် မေလ(၁)ရက်နေ့မှ (၃၁)ရက်နေ့ထိ ဂွမြို့နယ်အတွင်းရှိ ဓာတ်အားပေးဧရိယာအားလုံးကို နံနက် (၀၇:၀၀နာရီမှ - ၀၉:၀၀နာရီထိ) (၁)ကြိမ်၊ နေ့လည် (၁နာရီမှ - ၂နာရီထိ) (၁)ကြိမ်၊ညနေ(၅နာရီမှ - ည၇နာရီထိ) (၁)ကြိမ် တစ်ရက်လျှင် စုစုပေါင်း (၃)ကြိမ် ဝန်အားလျော့(Load Shed) ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းသိရသည်။
အဆိုပါ ဓာတ်အားပြတ်တောက်မည့်အချိန်များသည် ရခိုင်ပြည်နယ်အတွင်း ဝန်အားလျော့၍ နေစဉ်ပုံမှန်ပြတ်တောက်နေမည့် အချိန်များဖြစ်ပြီး သတ်မှတ်ထားသည့် အချိန်များမဟုတ်ပဲ ဓာတ်အားပြတ်တောက်ပါက ရန်ကုန် LDC မှ အသုတ်ခွဲရုံသို့ တိုက်ရိုက်ညွှန်ကြား၍ အသုတ်-ဂွ 66 kV ဓာတ်အားလိုင်းအား အရေးပေါ် ဝန်အားလျော့ ပြုလုပ်ခြင်းဖြစ်ကြောင့်ဖြစ်စေ၊ System breakdown ကြောင့်ဖြစ်စေ ၊ line fault ကြောင့်ဖြစ်စေ ဓာတ်အားပြတ်တောက်ခြင်းဖြစ်ပါကြောင်း ခွဲရုံမှူးမှ အသိပေးတင်ပြထားကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment