မြိတ်ခရိုင်အတွင်းရှိ စာသင်ကျောင်းများသို့ ဖြန့်ချိမည့် ကျောင်းသုံးပုံနှိပ်စာအုပ်များအား NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိတ်ခရိုင်အတွင်းရှိ စာသင်ကျောင်းများသို့ ဖြန့်ချိမည့် ကျောင်းသုံးပုံနှိပ်စာအုပ်များအား NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး



နေပြည်တော်၊ မေ  ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  ကျောင်းသား၊ ကျောင်းသူများ ပညာတတ်မြောက်ရေးနှင့် အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာရေးအား ရှေးရှု၍ အခြေခံပညာစာသင်ကျောင်းများအား မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုကို လိုလားပြီး အဖျက်အမှောက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသည့် CRPH၊ NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကန့်ကွက်စာများရေးသားခြင်းနှင့် ကျောင်းသုံးပုံနှိပ်စာအုပ် များ ဖြန့်ဝေမှုများအား တားဆီးနှောင့်ယှက်ခြင်း၊ ငွေကြေးတောင်းခံခြင်းနှင့် မီးရှို့ ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။

ယင်းသို့ အကြမ်းဖက်မှုများ လုပ်ဆောင်လျက်ရှိရာ မေ ၂၄ ရက် ညနေ ၆ နာရီ  ၁၀ မိနစ်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ စာသင်ကျောင်း များသို့ ဖြန့်ချိမည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ သယ်ဆောင်လာသည့် ၁၂ ဘီးယာဉ်  ၂ စီးသည် သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ ထားဝယ်- မြိတ် ပြည်ထောင်စု လမ်းမကြီးပေါ်သို့ ရောက်ရှိစဉ်  NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက တားဆီးရပ်တန့်၍  ကျောင်းသုံး ပုံနှိပ်စာအုပ်များထည့်ထားသည့် စုစုပေါင်း ဆာလာအိတ် ၁၅၉၇ အိတ်အနက်မှ ဆာလာအိတ် ၄၈ ထုပ်အား ကားလမ်းဘေးသို့ ချပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားရေး ဆောင်ရွက်နေမှုများအပေါ် ဖျက်လိုဖျက်ဆီးစိတ်ဓာတ်ဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ ပါဝင်ပတ်သက် သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)