မြိုင်မြို့နယ်တွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက သံဃာတော်တစ်ပါးနှင့် လူပုဂ္ဂိုလ်(၃)ဦးကို ရက်စက်စွာ သတ်ဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိုင်မြို့နယ်တွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက သံဃာတော်တစ်ပါးနှင့် လူပုဂ္ဂိုလ်(၃)ဦးကို ရက်စက်စွာ သတ်ဖြတ်


MNP ၊ မေလ ၁၁

NLD အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုး များ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည် ကို တွေ့ရှိရပါသည်။


ထိုသို့ ပြုလုပ်လျက်ရှိရာတွင် မေလ ၁၀ ရက် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် မြိုင်မြို့နယ်၊ သင်းပေါင်းကန်ကျေးရွာသို့ NLD အစွန်းရောက် PDF အကြမ်းဖက်အဖွဲ့များ ရောက်ရှိ လာပြီး အဆိုပါကျေးရွာနေ ဦးတာတီး(၂၅)နှစ် (ဘ)ဦးပေါလွင်၊ ဦးအောင်ဝင်း(၂၉)နှစ် (ဘ)ဦးကြွက်၊ ဦးစိုး(၆၁)နှစ် (ဘ)ဦးပေနီတို့ ၃ ဦးနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးသုမန (၄၄)နှစ် ဝါတော် ၁၄ ဝါ(ဘ)ဦးထွန်းလှိုင်အား ဖမ်းဆီးခေါ်ဆောင်သွားကာ “သူလျှို၊ ဒလန်” များဟု စွပ်စွဲပြောဆို၍ ဓား/သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ထိုးခုတ်ခဲ့သဖြင့် ဆရာတော် ဦးသုမန ပါ၄ ဦးတို့မှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။


အလားတူ မေလ ၁၁ ရက် နံနက် ၆ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ မြောက်လူးကန် ကျေးရွာရှိ ပစ္စိမာရုံဘုန်းတော်ကြီးကျောင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ရောက်ရှိလာပြီး ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်လျက်ရှိသည့် ကျောင်းထိုင်ဆရာတော် ဥူးကောဝိတ (၇၈)နှစ် ဝါတော် ၅၈ ဝါအား ကျောင်းအပြင်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး သေနတ်များဖြင့် အကြောင်းမဲ့ ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့်အခင်းဖြစ်နေရာ၌ ဆေုံးသွားခဲ့ကြောင်း သိရသည်။


အထက်ပါဖြစ်စဉ်များမှ သာသနာ့အနွယ်ဝင် သံဃာတော်များနှင့် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခဲ့သူ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူ ၂၅၀၀ ကျော် အထိ သေဆုံးခဲ့ရပြီး ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)