ကျောက်တံတားမြို့နယ်၊ အနော်ရထားလမ်း၊ (၃၅)လမ်း ကားမှတ်တိုင်တွင် NLD အစွန်းရောက် PDF အကြမ်းဖက်သူများ ထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁ ဦးသေ၊ ၉ ဦး ဒဏ်ရာရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တံတားမြို့နယ်၊ အနော်ရထားလမ်း၊ (၃၅)လမ်း ကားမှတ်တိုင်တွင် NLD အစွန်းရောက် PDF အကြမ်းဖက်သူများ ထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁ ဦးသေ၊ ၉ ဦး ဒဏ်ရာရ










MNP ၊ မေ ၃၁

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေး တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ယုတ်ညံ့သော စိတ်ဓာတ်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များအား ငွေကြေးထောက်ပံ့ခြင်း၊ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့် လှုံ့ဆော်မှုများဆောင်ရွက်ခြင်း ၎င်းတို့ကိုယ်တိုင် ကျူးလွန်ခြင်းများ လုပ်ဆောင်လျက်ရှိသည့်အပြင် အများပြည်သူ သွားလာနေသော လမ်းမကြီးများ၊ လမ်းများ၊ ကားဂိတ်များနှင့် မှတ်တိုင်များတွင်ပါ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်း၊ (၃၅)လမ်းကား မှတ်တိုင်၌ NLD အစွန်းရောက် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁ ဦးသေ၊ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မေလ ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်က ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်း၊ (၃၅)လမ်း ကားမှတ်တိုင်တွင် NLD အစွန်းရောက် PDF (Yangon) မှ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကားမှတ်တိုင်အနီးတွင် ရှိနေသည့် ရဲထက်နိုင်(၃၂)နှစ် (ဘ)ဦးဇော်မင်းဦး၊ နန္ဒမျိုးအောင်(၂၅)နှစ် (ဘ)ဦးဇော်မျိုး၊ ဦးစောမင်းရွှေ(၅၉)နှစ် (ဘ)ဦးရွှေထွန်း၊ ခန့်ဝေပိုင်(၁၉)နှစ် (ဘ)ဦးလှဝင်း၊ မိုးဇော်ဦး (၄၅)နှစ် (ဘ)ဦးခင်ဇော်ထွန်း၊ မြင့်သန်းစိုး(၂၃)နှစ် (ဘ)ဦးမြင့်သန်း၊ ကိုစိုင်းအောင်(၃၀)နှစ် (ဘ)ဦးစောလွင်၊ အောင်ကြီး(၃၀)နှစ် (ဘ)ဦးမင်းလွင်၊ အောင်နိုင်(၄၇)နှစ် (ဘ)ဦးငုံတို့ (၉)ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကာ အမည်မသိ (၃၀)နှစ်ခန့် အမျိုးသား (၁)ဦး(စိစစ်ဆဲ)တွင် ရင်ဘက်ပေါက်ပြဲဒဏ်ရာ ဝမ်းဗိုက်ပေါက်ပြဲဒဏ်ရာများ ရရှိသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှုခံယူနိုင်ရေး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်တွင် အများပြည်သူသွားလာနေသော ကားမှတ်တိုင်တွင် ဗုံးထောင်ဖောက်ခွဲခဲ့သည့် NLD အစွန်းရောက် PDF (Yangon) မှ အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ စုံစမ်းဆောင်ရွက်လျက်ကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)