နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ထံ အိတ်ဖွင့်ပေးစာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ထံ အိတ်ဖွင့်ပေးစာ



လေးစားအပ်ပါသော နိုင်ငံတော်အကြီးအကဲများ ခင်ဗျာ -

ပြည်သူများရဲ့ လိုအပ်ချက်ကို အဘက်ဘက်က ဖြည့်ဆည်းပေးနိုင်ဖို့ မူဝါဒများချမှတ် ဆောင်ရွက်ပေးနေသည့်အပေါ် များစွာ ကျေးဇူးတင်ရှိပါတယ်။ အချို့သော မူဝါဒများတွင် ခြွင်းချက်အနေဖြင့် ထားရှိသင့်ကြောင်း လေးစားစွာ တင်ပြလိုခြင်း ဖြစ်ပါသည်။ 

အထူးတင်ပြလိုသည်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲများက မူဝါဒချမှတ်ထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ခဲ့ပါသည်။

၂၀၂၁-၂၂ ပညာသင်နှစ်တွင်လည်း သင်ခန်းစာရခဲ့ပါသည်။ နိုင်ငံတော်အကြီးအကဲများအနေဖြင့် မိမိတို့နိုင်ငံသားများသည် ထိုမျှလောက် မိုက်မဲ ယုတ်ကန်းလိမ့်မည်ဟု မထင်သောကြောင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းများကို ဗုံးခွဲတိုက်ခိုက်ခြင်း၊ ဆရာ/ဆရာမများကို လုပ်ကြံသတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ကြသည့် သင်ခန်းစာများကို ချင့်ချိန်၍ ယခုနှစ် ပညာသင်နှစ်တွင် မူဝါဒပြောင်းလဲသင့်ပါသည်။

သို့အတွက်ကြောင့် ကျောင်းများစတင်အပ်နှံနေသည့် ကာလ ၁၅ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ကျောင်းများပြန်လည်ဖွင့်လှစ်ပေးခြင်းက ပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်မှာ ဆိုဖွယ်ရာ မရှိကြောင်း၊ သို့ပေသော် အကြမ်းဖက်ဘေးအန္တရာယ်များ ရှိနေသည့် ဒေသများတွင် မဖြစ်မနေ ဖွင့်ခိုင်းမှာလား ဆိုသည်ကို မေးမြန်းခဲ့ရာ ပြန်ကြားရေး ဒုဝန်ကြီးမှလည်း တစ်နိုင်ငံလုံအတိုင်းအတာဖြင့် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း၊ ပြည်သူပူးပေါင်းပါဝင်သော လုံခြုံရေး၊ စစ်မှုထမ်းဟောင်းများ ပူးပေါင်းဆောင်ရွက်သော စနစ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မူဝါဒနှင့် လုပ်ငန်းစဉ်ကို ရှင်းလင်းဖြေကြားသွားခဲ့ပါသည်။

နိုင်ငံတော်၏ မူဝါဒနှင့် လုပ်ငန်းစဉ်သည် အမှားအယွင်းမရှိသော်လည်း အသိဉာဏ်ဆင်ခြင်တုံတရား ကင်းမဲ့စွာ ဆိုးသွမ်း ယုတ်မာနေကြသည့် အကြမ်းဖက်သမားများ ရှိနေသော ဒေသများ၏ အခြေအနေနှင့် ကိုက်ညီမှုမရှိသည်ကို လက်တွေ့ ထပ်မံ တွေ့မြင်ရပြန်ပါသည်။ NLD အစွန်းရောက် အကြမ်းဖက်သမားဟူသည် နိုင်ငံရေးမှိုင်းမိနေသော ရွာသူရွာသားများ က အကြမ်းဖက်သမားဖြစ်၍ ကိုယ့်ရွာသူ ရွာသားကိုပင် ဒလန်၊ သတင်းပေး စွပ်စွဲကာ လုပ်ကြံသတ်ဖြတ်နေကြသော အကြမ်းဖက်သမားများ ဖြစ်ပါသည်။ ထိုသို့ အကြမ်းဖက်သမားနှင့် အကြမ်းဖက်အားပေးများနေသော ကျေးရွာများတွင် အကြမ်းဖက်အားပေး လုပ်နေသူများသည် ကျောင်းထားကြမည်မဟုတ်။ အကြမ်းဖက်သမားများကို အားပေးထောက်ခံခြင်း မရှိသော ပြည်သူများအနေဖြင့်လည်း အသက်ဘေးအန္တရာယ်ကို စိုးရိမ်ထိတ်လန့်သဖြင့် ကျောင်းထားဝံ့ကြမည်မဟုတ်။ 

ထိုသို့သော ကျေးရွာများတွင် ဆရာ/ ဆရာမများက ကျောင်းများ သွားရောက်ဖွင့်လှစ်သော်လည်း ပညာပေးမည့်သူသာ ရှိ၍ ပညာယူမည့်သူ မရှိ။ ဆရာ/ဆရာမတို့မှာ ဖိအားပေးခိုင်းစေခြင်းကြောင့် အကြမ်းဖက်သမားများ၏  ရန်ပြုစော်ကား သတ်ဖြတ်မှုကို ခံရန် သွားရောက်စောင့်စိုင်းနေသကဲ့သို့ ဖြစ်ဘိ၏။ အကြမ်းဖက်သမား ထူပြောနေသော ဒေသများတွင် အသိဉာဏ်ဆင်ခြင်တုံတရား ရှိသည့် မိဘများကို လုံခြုံရေးအတွက် ကူညီဆောင်ပေးလိုစိတ် ရှိသည့်တိုင်အောင် အင်အား မျှခြေမရှိသည့်နေရာတွင် အရဲစွန့်၍ ပူးပေါင်းဆောင်ရွက်ပေးနိုင်ကြမည် မဟုတ်ပေ။

၂၀၂၂- ၂၃ ပညာသင်နှစ် ကျောင်းအပ်လက်ခံနေသည့် ကာလအတွင်းမှာပင် စာသင်ကျောင်းများကို မီးရှို့ခြင်း၊ ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဓားပြတိုက် လုယူခြင်းများ လုပ်ဆောင်ခဲ့သည့် မှတ်တမ်းများလည်း ရှိထားပြီး ဖြစ်ပါသည်။

ဇွန် ၅ ရက် ည၁၁ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တစ်အိမ်တည်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက ခိုးဝင်ရောက်ကာ စာသင်ခန်းများအတွင်းရှိ ကျောင်းသုံးဗလာစာအုပ်များ၊ ပုံနှိပ်စာအုပ် များ၊ ခဲတံများနှင့် သင်ထောက်ကူပစ္စည်းများကို ဖျက်ဆီးခဲ့ပြီး ဆရာ၊ ဆရာမများအား ယုတ်မာရိုင်းစိုင်းစွာ ဆဲဆိုထားသည့် စာသားများရေးသား နှောင့်ယှက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပါသည်။

ဇွန် ၆ ရက် ညနေ ၆ နာရီ ၅၅ မိနစ်ခန့်တွင် ဝက်လက်မြို့နယ်၊ ဘိုတဲကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ် ဆရာမကြီးဖြစ်သူ ဒေါ်မိုးမိုးခိုင် (ဘ) ဦးအေး နှင့် ၎င်း၏ညီမဖြစ်သူ ဒေါ်ကေဇာခိုင် တို့သည် နေအိမ်၌ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျောင်းအုပ်ဆရာမကြီးဖြစ်သူနှင့် ၎င်း၏ညီမတို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရပါသည်။ 


လေးစားအပ်ပါသော နိုင်ငံတော်အကြီးအကဲများ ခင်ဗျာ -

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများသည် ဆင်ခြင်တုံတရားကင်းမဲ့ပြီး ပြည်ပြေးများ၏ လှုံ့ဆော်ဝါဒဖြန့်မှုများကိုသာ အလေားထား ယုံကြည်ပြီး ဆင်ကန်းတောတိုး မိုက်မဲနေသူများဖြစ်ခြင်းကြောင့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါ မေးခွန်းကို မေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံတော်၏ မူဝါဒသည် ပြည်သူတို့ ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးသော မူဝါဒဖြစ်သော်လည်း ဆင်ခြင်တုံတရားကင်းမဲ့သည့်  NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ ရှိနေသည့် ဒေသများတွင်မူ ခြွင်းချက်များ ထား၍ မဖြစ်မနေ ဖွင့်ရမည်ဟု ဖိအားမပေး ဆောင်ရွက်ခြင်း မပြုသင့်ကြောင်း အလေးထား တင်ပြလိုပါသည်။

ဆင်ခြင်တုံတရားကင်းမဲ့သော NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် မျိုးဆက်သစ် လူငယ်များစွာကို ပညာအမွေး လက်ဆင့်ကမ်းပေးနေသော ဆရာ/ ဆရာမ ၄၃ဦးအထိ သေဆုံးခဲ့ရပြီဖြစ်ပါသည်။ ဆရာ/ ဆရာမတစ်ဦးအနေဖြင့် မျိုးဆက်သစ်ကလေးငယ် ၁၀၀ မက၊ ၁၀၀၀ မက နိုင်ငံတော်၏ အနာဂတ်သားကောင်းရတာများကို မွေးထုတ်ပေးနိုင်သူများဖြစ်ပါသည်။ ယခုမူ တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်သော အရာများကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ကြက်ကလေး၊ ငှက်ကလေးလောက်မှပင် တန်ဖိုးထားတော့ဘဲ ရက်စက်စွာ သတ်ဖြတ်နေသည့် အပေါ် နိုင်ငံတော်အကြီးအကဲများအနေဖြင့် အလေးထားဆင်ခြင် ဆောင်ရွက်သင့်ပေးသင့်ပါသည်။ 

နိုင်ငံတော်အကြီးအကဲများအနေဖြင့် ပြည်သူများအကျိုးကို ရှေးရှု၍ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ပေးနေခြင်းမှာ အများအကျိုးကို ရှေးရှုသော ဆောင်ရွက်ချက်များ ဖြစ်သော်လည်း  နိုင်ငံဝန်ထမ်းများအားလုံးက နစက ၏ မူဝါဒများကို အားကြိုးမာန်တက် ဖော်ဆောင်နေကြခြင်း မရှိပါ။ ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးနေကြသူ များစွာ ရှိသည့်အပေါ် ပြည်သူများအနေဖြင့်လည်း မယုံရဲတော့ပါ။


အကြမ်းဖက်ဘေးအန္တရာယ်ရှိနေသော ဒေသများတွင် ကျောင်းဖွင့်ခြင်းကြောင့် ရလာမည် ကောင်းကျိုးထက် တွေ့ကြုံနိုင်ခြေများသည့် အကြမ်းဖက်ဘေးအန္တရာယ်ကို အထူးသတိပြုကြရမည်ဖြစ်ပါသည်။ ဆရာ/ ဆရာမများအနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်နိုင်သည့် လက်နက်ကိုင်ထားကြသူများလည်း မဟုတ်ကြပါ။ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက အင်အားအသာစီးဖြင့် နှိပ်စက်ကလူပြု သတ်ဖြတ်သွားသည့်အခါ အချိန်မီ ကူညီကယ်တင်နိုင်ခဲ့သည့် ဖြစ်စဉ် အင်မတန်ရှားပါသည်။ ထိုသို့ ပြောဆိုရခြင်းမှာ တပ်မတော်သားများအပေါ် အပြစ်ဖို့လိုခြင်းကြောင့် မဟုတ်ပါ။ တပ်မတော်သားများအနေဖြင့် ကျရာနေရာတွင် ကျေပွန်စွာ တာဝန်ထမ်းဆောင်နေကြသူများ ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က မူဝါဒချမှတ်၍ ပညာရေးဝန်ကြီးဌာန က အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပညာရေးဝန်ထမ်းများ လုံးဝအထိအခိုက်မရှိစေရေး လိုအပ်သည်များကို ပြန်လည်တင်ပြဆောင်ရွက်သင့်ပါသည်။ အထူးသဖြင့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် တို့တွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက မိုင်းထောင်ထားသည်များကို လိုက်လံရှင်းလင်းနေရသည့် ဒေသများ ရှိနေပါသည်။ ရွာနှင့်မလှမ်းမကမ်းတွင် အကြမ်းဖက်သင်တန်းပို့ချလျက်ရှိပြီး မိမိတို့ ရွာသူ၊ ရွာသားအချင်းချင်း လူမဆန်စွာ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည့်အပြင် သံဃတော်များကို လုပ်ကြံသတ်ဖြတ်ရန် ဝန်မလေးသည့် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို မြင်တွေ့နေရတုန်းပင်ဖြစ်ပါသည်။

NLD အစွန်းရောက် အကြမ်းဖက်သမားများအပေါ် စာနာထောက်ထားသည့် နစက ၏ မူဝါဒမှာ ပြည်သူများအပေါ် ကျောသားရင်သား မခွဲခြားသည့် ကောင်းမွန်မှန်ကန်သော မူဝါဒဖြစ်သော်လည်း ထိုသို့သော စာနာထောက်ထားမှုကို အခွင့်ကောင်းယူ၍ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို အတိဒုက္ခရောက်သည်ထက် ရောက်အောင် အကြောက်တရားများ လွှမ်းမိုးလာစေရန် NLD အစွန်းရောက် အကြမ်းဖက်သမားများက လုပ်ဆောင်နေကြခြင်းဖြစ်ပါသည်။

ထိုသို့သော အခြေအနေများကို တွက်ဆခြင်းမရှိပါက နစ်နာဆုံးရှုံးမှုများ ပိုမိုများပြားလာပေလိမ့်မည်။ လက်နက်မဲ့ ဆရာ/ ဆရာမ များအပေါ်တွင်လည်း ကိုယ်ချင်းစာတရားထား၍ ဆုံးရှုံးနစ်နာမှုများ အတိုင်းထက်အလွန် မဖြစ်ပေါ်မီ မူဝါဒများ ပြင်ဆင်ချမှတ် ဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)