မှော်ဘီမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လုပ်ငန်းခွင်အကြိုရက်တို သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လုပ်ငန်းခွင်အကြိုရက်တို သင်တန်းဖွင့်လှစ်



MNP - ဇွန်   ၄


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်သော လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းကို ယနေ့ နံနက် ၉ နာရီ အချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ဖွင့်လှစ် ခဲ့သည်။


အဆိုပါသင်တန်းသည် မှော်ဘီမြို့နယ် အခြေခံပညာကျောင်းများတွင် လက်ထောက် မူလတန်းပြ ဆရာ၊ ဆရာမများ ဖြည့်ဆည်းခန့်ထားနိုင်ရန်အတွက် ရည်ရွယ်၍ (ပထမ)အဆင့် လုပ်ငန်းခွင်အကြိုရက်တို သင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။


သင်တန်းတွင် သင်တန်းဆရာ(၄)ဦးဖြင့် ဇွန် ၄ ရက်မှ ၁၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၈၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ကောင်းမြတ်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)