ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်] - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်]




MNP - ဇွန်   ၂၆


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ယမန်နေ့ နံနက် ၇ နာရီခွဲက ကျိုင်းတုံမြို့ အမှတ်(၇)၊ အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းတို့တွင်  စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ပြည်နယ်(ရှမ်းအရှေ့)/ကျိုင်းတုံခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ကျေးရွာနေပြည်သူ များနှင့် ဆရာ၊ ဆရာမများက ကျောင်းဝန်းအတွင်း /အပြင်ရှိ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး အမှိုက်များအား ဆယ်ယူရှင်းလင်းခြင်း၊ ပန်းခုံများအား သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)