မြေပုံမြို့၌ ကိုဝန်ဆောင်မိခင်လောင်းများနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များလစဉ် ကာကွယ်ဆေးထိုးနှံလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပုံမြို့၌ ကိုဝန်ဆောင်မိခင်လောင်းများနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များလစဉ် ကာကွယ်ဆေးထိုးနှံလျက်ရှိ



MNP ၊  ဇွန် ၇

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြေပုံမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအားနှင့်  အသက်(၂)နှစ်‌ အောက်ကလေးငယ်များ လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက် (၈)နာရီအချိန်ကမိခင်နှင့်က‌လေးကျန်းမာရေးဌာနတွင်ဆောင်ရွက်ခဲ့သည်။


ထို့သို့ ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်ဝန်ဆောင်မိခင်များကို လစဉ်ပုံမှန်ကာကွယ်ထိုးနှံခြင်း၊ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့်အသက်(၂)နှစ်ခွဲအရွယ် ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေး၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ) ကာကွယ်ဆေးတိုက်‌ကျွေးပေးပြီး၊ ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်းမိခင်နှင့်က‌လေးကျန်းမာရေးဌာနမှသိရသည်။


သတင်း - တင်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)