ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်ရှိ အခြေခံပညာကျောင်း များတွင် အသက်(၅)နှစ်နှင့် (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုနှင့် ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်ရှိ အခြေခံပညာကျောင်း များတွင် အသက်(၅)နှစ်နှင့် (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုနှင့် ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေး




MNP - ဇွန်   ၃


ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေ၊ ကျန်းမာရေးဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်တို့သည် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊  ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး ပညာသင်ကြားနေလျက်ရှိရာ  ဇမ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၊ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားနေမှုနှင့် အသက်(၅)နှစ်နှင့် (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးမှုကို သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း Maskများ ဖြန့်ဝေပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် ပျဉ်းမနားမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း Maskများဖြန့်ဝေပေးကာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့် နေထိုင်ကြစေလိုကြောင်း၊ ကျောင်းစာများကို အလေးထားပြီး ကြိုးစားသင်ယူ ကြစေလိုကြောင်း၊ ယဉ်ကျေးလိမ္မာသော ကျောင်းသား၊ ကျောင်းသူများ ဖြစ်အောင်ကြိုးစား ကြစေလိုကြောင်းမှာကြားပြီး အသက်(၅)နှစ်နှင့်(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း(၇၅၇)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း(၂၈)ကျောင်း၊ ကိုယ်ပိုင်ကျောင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း(၅၇)ကျောင်း၊ စုစုပေါင်း(၈၄၂)ကျောင်းတို့ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၉၀၂၀၀)ဦး ကျောင်းအပ်နှံပြီး  ပညာသင်ကြားနေလျက်ရှိကြောင်း၊ အသက်(၅)နှစ်နှင့်(၁၂)နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၀၉၆၈၂)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အောင်ကိုကို


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)