မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လက်ပံတန်းဘဏ်ခွဲမှ ၂ဝ၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လက်ပံတန်းဘဏ်ခွဲမှ ၂ဝ၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပြီးစီး

 


MNP - ဇွန်   ၂၈


ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ လက်ပံတန်းမြို့နယ်အတွင်း တောင်သူများသို့ ထုတ်ချေးခဲ့သည့် နှစ်စဉ်ရာသီအလိုက်ချေးငွေများအနက် တောင်သူများ၏ ဆန္ဒအလျောက် ချေးယူထားသည့်မည်သည့်ချေးငွေမဆို အပြေအကျေပေးဆပ်ပြီးသည့် တောင်သူများသို့ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား မေ ၃၀ ရက်မှစတင်၍ ထုတ်ချေးပေးခဲ့ရာ အချိန်စေ့လွန်ချေးငွေများ ပြေကျေအောင် ပေးဆပ်ပြီးသည့် တောင်သူများ၏ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပိုင်ဆိုင်မှု မှန်ကန်ပြီး ငွေချေးစည်းကမ်းသတ်မှတ်ချက်များနှင့် ညီညွတ်ပါက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကုန်အထိ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။


လက်ပံတန်းမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေအတွက် တစ်ဧကလျှင် ၁.၅ သိန်းနှုန်းဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စု  ၅၃ အုပ်စုမှ အဖွဲ့ဝင်တောင်သူ ၅၂၀၀ ဦး၊ ဧက ၃၅၂၄၄ အတွက် ၅၂၈၆၆ သိန်း ထုတ်ချေးပေးရန်လျာထားပြီး၊ မေ ၃၀ ရက်မှ ဇွန် ၂၇ ရက်အထိ ကျေးရွာအုပ်စု  ၁၀ အုပ်စုမှ အဖွဲ့ဝင်တောင်သူ ၄၇၂ ဦး၏ မိုးစပါးစိုက်ဧက ၃၂၃၃ အတွက် ချေးငွေကျပ် ၄၈၄၉.၅၀ သိန်း ထုတ်ချေးပြီးစီးကြောင်း လက်ပံတန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။


သတင်း - မျိုးမင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)