အောင်ပန်းဒေသမှထွက်ရှိလာသည့် အာလူးများဈေးကောင်းပုံမှန်ရရှိနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

အောင်ပန်းဒေသမှထွက်ရှိလာသည့် အာလူးများဈေးကောင်းပုံမှန်ရရှိနေ

 


MNP - ဇွန်   ၄


မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာဈေးအတွင်းသို့ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းဒေသမှ ထွက်ရှိလာသည့် အာလူးများ ပုံမှန်ဈေးကောင်းရရှိနေကြောင်း သိရသည်။


အဆိုပါအောင်ပန်းဒေသထွက် အာလူးများသည် လက်ရှိမြို့သစ်မြို့စည်ပင်သာယာဈေးအတွင်းသို့ တစ်ရက်ခြောက်ဘီးကား နှစ်စီးဖြင့်သုံးရက်တစ်ခါရောက်ရှိပြီး ဈေးနှုန်းမှာလည်း ယခင်ရက်များထက် ဈေးကောင်းရရှိနေကြောင်း၊ လက်ရှိတွင် အာလူးတစ်ပိဿလျှင် (၂၅၀၀)ကျပ် ဈေးဝန်ကျင်ရရှိကြောင်း သိရသည်။


လက်ရှိမှာအာလူးက အောင်ပန်းဒေသကဘဲထွက်ရှိပြီး ဝင်ရောက်လာတာပါကျန်တဲ့ ဒေသက အာလူးတွေက ဈေးကွက်အတွင်းဝင်ရောက်လာတာ နည်းနေလို့၊ မနှစ်ကအာလူးဈေး မကောင်းဘူး၊ အရှုံးပေါ်တာကြောင့် တောင်သူတွေ ဒီနှစ်မစိုက်တော့ဘူး၊ အာလူးစိုက်ဧကတွေ ထက်ဝက်ခန့်လျှော့သွားတယ်၊ ဒါ့ကြောင့်အာလူးဈေးကောင်းရရှိနေတာဟု ကုန်သည်တစ်ဦးက ပြောသည်။


အဆိုပါအောင်ပန်းဒေသထွက် အာလူးများသည် လက်ရှိတွင် မြို့သစ်မြို့စည်ပင်သာယာ ဈေးကွက်သို့သုံးရက်တစ်ကြိမ် ဝင်ရောက်လျက်ရှိပြီး အာလူးဈေးကွက်မှာလည်း ဈေးကောင်းပုံမှန် ရရှိကြောင်းသိရသည်။


သတင်း - သန်းဝင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)