မိုင်းငေါ့မြို့ ရန်ကင်းတောင် နဂါးရုံဘုရားရွှေဆေးကပ်လှူခြင်းနှင့် ရေကန်ကြွေပြား ကပ်လှူခြင်း ရေစက်ချပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းငေါ့မြို့ ရန်ကင်းတောင် နဂါးရုံဘုရားရွှေဆေးကပ်လှူခြင်းနှင့် ရေကန်ကြွေပြား ကပ်လှူခြင်း ရေစက်ချပွဲပြုလုပ်



MNP - ဇွန်   ၄


ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ကျောက်မဲ ခရိုင်၊မိုင်းငေါ့မြို့ မန်လုံရပ်ကွက်ရှိ ရန်ကင်းတောင် နဂါးရုံဘုရား ရွှေဆေးကပ်လှူခြင်းနှင့် ရေကန်ကြွေပြားကပ်လှူခြင်း ရေစက်ချပွဲကို ယနေ့နံနက် (၇:၃၀) အချိန်က အဆိုပါဘုရားပရဝဏ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ နမောသာသ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး၊ ကွန်ကောက်ကျောင်း ဆရာတော် ဦးဆုပညာထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ဆရာတော် သံဃာတော်များမှ မေတ္တာသုတ်များ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ နဂါးရုံဘုရား ရွှေဆေးကပ်လှူခြင်းနှင့် ရေကန်ကြွေပြားကပ်လှူခြင်းကို မိုင်းငေါ့မြို့ အမှတ်(၁၀၁၁)နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ ‌ခေတ္တနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်ဝင်း၏ (၄၄)နှစ်မြောက် မွေးနေ့အလှူအဖြစ် ကျပ်(၄၀၀၀၀၀/-) ၊အရာရှိ စစ်သည်တော်များ စုပေါင်းလှူဒါန်းငွေကျပ်(၃၁၀၀၀၀/-) စုစုပေါင်း(၇၁၀၀၀၀/-)မတည်၍ ရွှေဆေးကပ်လှူပူဇော်ခြင်းနှင့် ရေကန်ကြွေပြားကပ်လှူခြင်းဖြစ်ပြီး ဆရာတော်သံဃာတော်များအား ဝတ္တုငွေနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြ၍  ဧည့်သည်တော်များအား ကျွေးမွေး ဧည့်ခံခဲ့ကြကြောင်း သိရသည်။


သတင်း - မြင့်သွယ်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)