မချမ်းဘော့မြို့၌ ကျောင်းကျန်းမာရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မချမ်းဘော့မြို့၌ ကျောင်းကျန်းမာရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 





MNP  - ဇွန်   ၁၂


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ကျောင်းကျန်းမာရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀နာရီက မချမ်းဘော့မြို့နယ် ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီ အတွင်းရေးမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းဌေးမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား  စတင်ဖွင့်လှစ်နေပြီဖြစ်ပြီး ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကျောင်းသား/သူများ၏ တစ်ကိုယ်ရေကျန်းမာရေး၊ သောက်သုံးရေသန့်ရှင်းရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှု အရှိအဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ရေးတို့အား ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်ကျောင်းကျန်းမာရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဉာဏ်လင်းထွန်းက ကျောင်းကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွင် ပါဝင်ဆက်စပ်သည့်ဌာနများမှ ပူးပေါင်းဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးပေးရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ တက်ရောက်လာသည့်  တာဝန်ရှိသူများမှ ကျောင်းကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ကျောင်းကျန်းမာရေးကော်မတီဝင်များဖြစ်သည့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြောင်းသတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)