MNP ၊ ဇွန် ၂
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်၍ ယနေ့ နံနက် ပိုင်းမှ စတင်ကာ သင်ကြားပို့ချ ပေးလျက် ရှိကြောင်း သိရ သည်။
မောင်တောမြို့တွင် ကျောင်းတက်ရောက်လာသည့် ကျောင်းသား/သူများ နှာခေါင်းစည်း များ စနစ်တကျ တပ် ဆင် စေပြီး ကျောင်းသား/သူများက အေးချမ်းစွာ ပညာသင်ကြားလျှက်ရှိကြသည်။ မောင်တောမြို့နယ် အတွင်းရှိ အခြေခံ ပညာ အထက် တန်းကျောင်း (၁၀) ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၅) ကျောင်း ၊ အလယ် တန်း ကျောင်း (၂) ကျောင်း၊ အ လယ် တန်း ကျောင်း(ခွဲ) (၁၂) ကျောင်း၊ မူလတန်းလွန်ကျောင်း (၄၇) ကျောင်း ၊ မူလတန်း ကျောင်း (၃၃) ကျောင်း၊ မူလတန်းကျောင်း(ခွဲ) ၁၀ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂)ကျောင်း စုစုပေါင်း (၁၂၁) ကျောင်းဖွင့်လှစ်လျက်ရှိပြီး ဇွန် လ ၂ ရက်နေ့တွင် အခြေခံပညာကျောင်းများရှိ အထက်တန်း ကျောင်းသား/သူ ၆၀၀ ဦး ၊ အလယ်တန်းကျောင်းသား/သူ ၁၃၂၀ ဦး ၊ မူလတန်းကျောင်းသား/သူ ၇၂၃၉ ဦး စုစုပေါင်းကျောင်းသား/သူ ၉၁၅၉ တက်ရောက်ပညာသင်ယူလျှက်ရှိကြောင်း သိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost






No comments:
Post a Comment