ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေး






MNP - ဇွန်   ၃


အခြေခံပညာအဆင့်ကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများ၌သင်ကြား၊ သင်ယူမှုဆောင်ရွက်ပေးနေသည့် အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။


ဦးစွာကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်း မဆောင်၌ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ဆရာမများပူးပေါင်း ၍ အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေ၊ ကာကွယ်ဆေးမထိုးနှံမီ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးနေမှု၊ ကာကွယ်ဆေးထိုးနှံပြီး ခေတ္တစောင့်ဆိုင်းနေစေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းတွင် လာရောက်ကျောင်းအပ်နှံသူ ၈၃၁ ဦးအနက်တက်ရောက်သူ ၈၀၈ ဦး ရာခိုင်နှုန်းအားဖြင့် ကျောင်းတက် ရောက်သူ ၉၇ ရာခိုင်နှုန်းအား သင်ကြား၊သင်ယူမှု ဆောင်ရွက်ပေးနေသည့်အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းလာရောက်အပ်နှံသူ ၁၈၈၆ ဦးအနက် တက်ရောက်သူ ၁၈၀၁ ဦး ရာခိုင်နှုန်း အားဖြင့် ၉၅ ဒသမ ၄၉ ကျောင်း တက်ရောက်၍ စာပေသင်ကြားနေမှုအခြေအနေများအား ကြည့်ရှုအားပေးပြီး မြသံလွင်ခန်းမ၌ အသက်(၅)နှစ်မှ (၁၂) နှစ်ထိကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)