ပန်းတနော်တွင် ၂၀၂၂ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းတနော်တွင် ၂၀၂၂ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးပွဲ ကျင်းပ



MNP - ဇွန်  ၂၈


ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးရာသီ တိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ နေဗီယာမြက် စိုက်ပျိုးခြင်းကို ယနေ့နံနက် ၉ နာရီက ဆယ့်နှစ်ရွာကျေးရွာ တောင်သူ ဦးသန်းထိုက်အောင်၏ သရုပ်ပြစိုက်ခင်း လယ်မြေ (ဝ.၆) ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။


တောင်သူများအနေဖြင့် တိရစ္ဆာန်အစာပင်များ စိုက်ပျိုးခြင်းဖြင့် အစာရှားပါးမှု ပြဿနာများ လျော့နည်းသွား မည်ဖြစ်ကြောင်း၊ အစာရှားပါးချိန်တွင် အစာအဟာရဖူလုံးစွာ ရရှိစေရန်၊ အဟာရတန်ဖိုး ပိုမိုမြင့်မားသော အစာပင်များ စိုက်ပျိုးကျွေးမွေးခြင်းဖြင့် ကျွဲ၊ နွား စသည့် တိရစ္ဆာန်များတွင် ရောဂါဒဏ်ခံနိုင်ခြင်းနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်သိန်းမြင့်က အသိပညာပေးဆွေးနွေး ပြောကြားခဲ့သည်။


အဆိုပါ နေဗီယာမြက်သရုပ်ပြစိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများက နေဗီယာမြက် စိုက်ပျိုးခဲ့ကြောင်း သိရသည်။


သတင်း - ပြည့်ဖြိုးကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)