ရွှေတောင်မြို့နယ်တွင် ဆရာ/ ဆရာမ အသစ်လုပ်ငန်းခွင် အကြိုရက်တိုသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ဆရာ/ ဆရာမ အသစ်လုပ်ငန်းခွင် အကြိုရက်တိုသင်တန်း ဖွင့်လှစ်

 



MNP - ဇွန်   ၄


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်အထက ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ဆရာ/ ဆရာမ အသစ် လုပ်ငန်းခွင်အကြိုရက်တိုသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးကျော်ဦးမှ အဖွင့်အမှာစကား ပြောကြားရာမှာ ဆရာ / ဆရာမ အသစ်များအနေဖြင့် သင်တန်းကာလအတွင်း စိတ်ပါဝင်စားစွာ သင်ယူစေရန်နှင့် လုပ်ငန်းခွင်ဝင်သည့်အချိန်တွင် အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


အဆိုပါ သင်တန်းကို ဒုတိယမြို့နယ်ပညာရေးမှူးနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီး ဆရာမကြီး သင်ကြားပို့ချသွားမည်ဖြစ်ပြီး ( ၄ - ၆ - ၂၀၂၂)မှ (၁၀-၆-၂၀၂၂)ထိ (၇)ရက်သင်တန်းပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူဆရာဆရာမ    ( ၅၈) ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကိုကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)