ကျောက်ဆည်မြို့နယ်တွင် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးလျက်ရှိရာ (၁၄၈၈)ဧက စိုက်ပျိုးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးလျက်ရှိရာ (၁၄၈၈)ဧက စိုက်ပျိုးပြီးဖြစ်

 



MNP - ဇွန်   ၁၂


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ (၁၄၈၈)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။


ကျောက်ဆည်မြို့နယ်တွင် နေကြာသီးနှံများကို ပန်းခွာ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ဒွေးလှ၊ ငါးဆူ၊ ရှားပင် ကျေးရွာအုပ်စုများတွင် (၃၆၇) ဧက၊ ဒါန်းတိုင်၊ ရန်ဘက်လို၊ ပေတော၊ ဘုံကွင်း၊ စင်းကွန်းကျေးရွာအုပ်စုများတွင် (၇၀)ဧက၊ ညောင်ရွေ၊ သင်ပုတ်၊ ဇရပ်ဖြူ၊ ငါးအိုး၊ အနောက်ရွာနန်း၊ လက်ပန်၊ ညောင်ဝန်း၊ ကြောင်ပန်းကုန်း ကျေးရွာအုပ်စုများတွင် (၇၇)ဧက၊ တောင်နောက်၊ သင်တောင်း၊ အင်တိုင်း၊ ပြည်ပန်း၊ ဖောင်ရွာ၊ ကြက်မင်းတွန်၊ ပတ္တာ၊ ပင်တလည်၊ သမန္တလင်း၊ မြင်းကဘက်၊ မုန့်ပေါင်း၊ လက်ပန်ဇင် ကျေးရွာများတွင် (၁၁)ဧက၊ အရှေ့ငယ်တိုး၊ ထန်းဇင်တော်၊ ငှက္ကတောင်၊ ရွှေဒါး၊ ရဲဘော်ကြီးကျေးရွာ အုပ်စုများတွင် (၂၁)ဧက၊ ဖျောက်ဆိပ်ပင်၊ ရွာသစ်၊ ရေသရောက်၊ ချောင်းဆုံ၊ သရက်ပင်၊ ရဲ၊ ကြောင်၊ ဇရစ်ခဲ၊ အုန်းချော၊ ကြက်သားဟင်း ကျေးရွာအုပ်စုများတွင် (၁၃)ဧက၊ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း ကျေးရွာအုပ်စုများတွင် (၈၆၅)ဧက၊ ရဲမအူ၊ စိုင်မလန်း၊ ကိုးပင်၊ အင်ရောင်း၊ ကလိုင်ကျော် ကျေးရွာအုပ်စုများတွင် (၇)ဧက၊ မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ လေးဆယ်ကုန်း၊ တော်တွင်၊ မြေစိုပါယ် ကျေးရွာအုပ်စုများတွင် (၁၀)ဧက၊ ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ခါးတက်ကုန်း ကျေးရွာအုပ်စုများတွင် (၂၁)ဧက၊ ဆူလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ ကင်း၊ တောင်တော် ကျေးရွာအုပ်စုများတွင် (၂၆)ဧက စုစုပေါင်း (၁၄၈၈)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။


နေကြာစိုက်ရာတွင် ဆည်ရေသောက်၊ မိုးကောင်းရေသောက် စနစ်များဖြင့် ပက်ကျဲစိုက်ပျိုးခြင်း၊ အတန်းချစိုက်ပျိုးခြင်း စသည်ဖြင့် အမျိုးမျိုးစိုက်ပျိုးကြသော်လည်း အတန်းချစနစ်ဖြင့် စိုက်ပျိုးမည်ဆိုပါက အပင်ကြားတန်းကြား (၁၅)လက်မခန့်အကွာ စိုက်ပျိုးပါက အပင်ဖြစ်ထွန်းမှုနှင့် အထွက်နှုန်း ကောင်းမွန်ကြောင်း၊ နေကြာ(၁)ဧက စိုက်ပျိုးပါက မြေအမျိုးအစားနှင့်ရာသီဥတု အပေါ်မူတည်ပြီး တစ်ဧက(၁၅)တင်းမှ (၂၅)တင်းကျော် ထွက်ရှိကြောင်း ကျီးပြကျေးရွာမှ ဦးသန်းဝင်းက ပြောပြသည်။         


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)