တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် လူပေါင်း ၄၈၅,၀၀၀ အပေါ်သက်ရောက်မှုရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် လူပေါင်း ၄၈၅,၀၀၀ အပေါ်သက်ရောက်မှုရှိ


နန်ချန်း၊ ဇွန် ၂၁ 

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ်၏ ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်ရေရှားမှု လျော့ပါးရေးရုံးချုပ်က မိုးရေများ တင်ကျန်နေသဖြင့် ဒေသခံ ၄၈၅,၀၀၀ ခန့်အပေါ် သက်ရောက်မှုရှိခြင်းကြောင့်  ဇွန် ၂၀ ရက် ညနေပိုင်း၌ ရေကြီးရေလျှံမှု ထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်မှုကို အဆင့် ၂ အထိ တိုးမြှင့်လိုက်ကြောင်း သိရသည်။

ဇွန် ၁၈ ရက်မှ ၂၀ ရက် ညနေ ၃ နာရီအထိ ကျန်းရှီးပြည်နယ်တစ်ခွင် ခရိုင် ၅၅ ခု၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုဖြစ်ပွားခြင်းကြောင့် ကောက်ပဲသီးနှံ ၄၃,၃၀၀၀ ဟက်တာ ပျက်စီးခဲ့သည်။ 

ရေလွှမ်းမိုးခြင်းကြောင့် စီးပွားရေးတိုက်ရိုက်ဆုံးရှုံးနစ်နာမှုမှာ ယွမ်သန်း ၄၇၀ (အမေရိကန်ဒေါ်လာ ၇၀.၄ သန်းခန့်) အထိ ရောက်ရှိလာခဲ့ကြောင်း ရုံးချုပ်၏ အဆိုအရ သိရသည်။

ကျန်းရှီးပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းသည် ဇွန် ၂၁ ရက်၌ သိသိသာသာလျော့နည်းသွားမည်ဖြစ်ကြောင်း၊ သို့ရာတွင် မိုးသည်းထန်စွာရွာသွန်းခြင်းသည်  ပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၌ ဖြစ်ပွားမည်ဖြစ်ကြောင်း ဒေသန္တရ မိုးလေဝသဌာနက ပြောခဲ့သည်။ ယင်းမိုးရွာသွန်းမှုသည် ဇွန် ၂၂ ရက်တွင် ယန်ဇီမြစ်ဝှမ်းမြောက်ဘက်သို့ ရွေ့လျားသွားမည်ဖြစ်ကြောင်း သိရသည်။


Ref: (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)