“မြန်မာနိုင်ငံကိုယ်တိုင် ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံဦးဆောင်သော” နည်းလမ်းဖြင့် မြန်မာနိုင်ငံကို ပုံမှန်အနေအထားပြန်ဖြစ်အောင် ကူညီပေးရန် အာဆီယံက မျှော်လင့်ထားကြောင်း ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“မြန်မာနိုင်ငံကိုယ်တိုင် ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံဦးဆောင်သော” နည်းလမ်းဖြင့် မြန်မာနိုင်ငံကို ပုံမှန်အနေအထားပြန်ဖြစ်အောင် ကူညီပေးရန် အာဆီယံက မျှော်လင့်ထားကြောင်း ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ် ပြောကြား




MNP ၊ ဇွန် ၃၀

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအတွက် လှူဒါန်းသော ကိုဗစ်-၁၉ Vaccine များအား အာဆီယံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဇွန်လ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၌ ကျင်းပခဲ့သော အခမ်အးနားတွင် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Mr. PRAK Sokhonn က “မြန်မာနိုင်ငံကိုယ်တိုင် ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံဦးဆောင်သော” နည်းလမ်းဖြင့် မြန်မာနိုင်ငံကို ပုံမှန်အနေအထားပြန်ဖြစ်အောင် ကူညီပေးရန် အာဆီယံက မျှော်လင့်ထားကြောင်း ထည့်သွင်းပြောကြားသွားသည်။


သံအမတ်ကြီး Mr. Chen Hai က ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံသည် ယခုအချိန်အထိ မြန်မာနိုင်ငံသို့ Vaccine ၅၁ သန်းနှင့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ ပံ့ပိုးပေးခဲ့ပြီး မြန်မာနိုင်ငံပြည်တွင်း၌ Vaccine ပုလင်းသွင်း ဖြည့်တင်းထုတ်လုပ်နိုင်ရေးအတွက် ကူညီပေးခဲ့ကာ ကပ်ရောဂါကာကွယ်ရေးပစ္စည်းများ မြန်မာနိုင်ငံသို့ တင်သွင်းနိုင်ရေးအတွက် အစိမ်းရောင်လမ်းကြောင်း ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ယခုအကြိမ်တွင် တရုတ်နိုင်ငံက အာဆီယံမှတစ်ဆင့် မြန်မာနိုင်ငံသို့ Vaccine ၂ သန်း ထပ်မံလှူဒါန်းရာ အာဆီယံအပေါ် တရုတ်နိုင်ငံ၏ အလားထားမှုနှင့် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းအပေါ် အားပေးထောက်ခံမှုများကို အပြည့်အဝ ထင်ဟပ်စေကြောင်း၊ အာဆီယံ၏ တူညီဆန္ဒ (၅) ချက်အား အကောင်အထည်ဖော်မှုနှင့် မြန်မာနိုင်ငံ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အား မြှင့်တင်မှုကို တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအပေါ်ထားရှိသော ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူတစ်ရပ်လုံးကို ဦးတည်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အရေးပေါ်လိုအပ်နေသော အကူအညီများကို လမ်းကြောင်းအမျိုးမျိုးဖြင့် ဆက်လက်ပံ့ပိုးပေးမည် ဖြစ်ပြီး အာဆီယံ စသည့် ချစ်ကြည်ရင်းနှီးသောမိတ်ဆွေများနှင့်အတူ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


Mr. PRAK Sokhonn က ယခုအကြိမ် တရုတ်နိုင်ငံက အာဆီယံမှတစ်ဆင့် မြန်မာနိုင်ငံသို့ လှူဒါန်းသော Vaccine ၂ သန်းကို ထိရောက်၍ တရားမျှတသော နည်းလမ်းများဖြင့် မြန်မာနိုင်ငံရှိ သွားရောက်ရန် ခက်ခဲလှသည့် ဒေသများသို့ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက အာဆီယံကို ထောက်ခံအားပေးမှုအတွက် လေးလေးနက်နက် ကျေးဇူးတင်ရှိကြောင်း၊ “မြန်မာနိုင်ငံကိုယ်တိုင် ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံဦးဆောင်သော” နည်းလမ်းဖြင့် မြန်မာနိုင်ငံကို ပုံမှန်အနေအထားပြန်ဖြစ်အောင် ကူညီပေးရန် အာဆီယံက မျှော်လင့်ထားပြီး အာဆီယံ၏ တူညီဆန္ဒ (၅) ချက်အား အကောင်အထည်ဖော်မှုကို မြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။


Mr. Ekkaphab Phanthavong က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအား ကပ်ရောဂါတိုက်ဖျက်ရေးအကူအညီ အများဆုံးပေးအပ်နေသည့် မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ အာဆီယံအပေါ် ပံ့ပိုးကူညီမှုနှင့် ယုံကြည်မှုအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိကြောင်း၊ အာဆီယံ၏ ဆွေးနွေးမှုမိတ်ဖက်များကလည်း တရုတ်နိုင်ငံကဲ့သို့ အာဆီယံသို့ အကူအညီများ ပိုမိုပေးအပ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားပါသည်။


အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Mr. PRAK Sokhonn ၊ အာဆီယံအဖွဲ့၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Mr. Ekkaphab Phanthavong တို့ တက်ရောက်၍ အမှာစကားပြောကြားကြပြီး မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံသံရုံးများနှင့် မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)