ဒေးဒရဲမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ (၁၉,၀၈၅)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေးဒရဲမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ (၁၉,၀၈၅)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ



MNP - ဇွန်  ၂၈


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်၊ ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုရရှိစေရန်ရည်ရွယ်၍ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ  အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၂ ခုနှစ်၊ ဇွန်လ(၂)ရက်နေ့က စတင်၍ မြို့ပေါ်နှင့်ကျေးရွာ ကျောင်းများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ဒေးဒရဲမြို့နယ်အတွင်းရှိ မြို့ပေါ်နှင့်ကျေးရွာအုပ်စု(၉၃)အုပ်စုရှိ အခြေခံပညာကျောင်း (၂၁၉)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၂)ကျောင်း၊ စုစုပေါင်း(၂၂၁)ကျောင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၂၂,၀၂၀)ဦးအား သက်ဆိုင်ရာ ကျောင်းများတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကျောင်းသားကျောင်းသူ(၁၉,၀၈၅)ဦး ကာကွယ်ဆေး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနက သိရသည်။


သတင်း - ဦးအေဇာလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)