မူဆယ်မြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေနေ့အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေနေ့အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ပြုလုပ်

 



MNP - ဇွန်   ၅


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ရွှေသမင်းကာကွယ်တော၌ သစ်တောဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေနေ့အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈း၃၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲပြုလုပ်ရာတွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစို‌ပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိရေးတို့ကို ရည်ရွယ်၍ မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်သက်၊ မြို့နယ်သစ်တောဦးစီးမှူး ဦးမျိုးစည်သူအေးတို့က ဦးဆောင်၍ ထင်းရှူး(၈၀)ပင်၊ ကံ့ကော်(၃၀)ပင်၊ သစ်လှ(၄၀)ပင်၊ မန်ဂျန်ရှား(၆၀)ပင်၊ ခါတော်မီ(၃၀)ပင်၊ မယ်ဇလီ(၅၀)ပင်၊ ပျဉ်းမ(၃၀)ပင်၊  သစ်အယ် (၃၀)ပင်၊ ကုက္ကိုလ်(၁၀)ပင်၊ ရေသင်းဝင်(၅၀)ပင်၊ ရေထင်းရှူး(၂၀) ပင်၊ တပေါင်းပန်း(၂၀)ပင်၊ တပေတဘူ(၃၀)ပင်၊ ခရေ(၃၀)ပင်၊ ရေပိတုန်း(၃၀)ပင်၊ မဟော်ဂနီ(၅၀)ပင်၊ ငုစပ်(၁၀)ပင် စုစုပေါင်း ပျိုးပင်(၆၀၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးသည်။ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ ခရိုင် /မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့များ၊ ရှမ်းယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်စိုက်ပျိုးကြသည်။


သတင်း - ချယ်ရီမြေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)