မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်





MNP ၊ ဇွန်  ၅     

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း သားသမီး များအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်း ပ ပြု လုပ်ခဲ့ကြောင်းသိရသည်။  

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင် မှ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း ၊ သားသမီးများအတွက်  တက္ကသိုလ်အဆင့် ကျောင်းသား/ သူ တစ်ဦးလျှင် (၁၅၀၀၀)ကျပ် ၊ အထက်တန်းအဆင့်  ကျောင်းသား/သူ တစ်ဦး လျှင် (၁၂၀၀၀)ကျပ် အလယ်တန်းအဆင့် ကျောင်းသား/သူ ၁ ဦးလျှင် (၁၀၀၀၀)ကျပ် နှင့် မူလတန်းအဆင့် ကျောင်းသား/သူ တစ်ဦးလျှင် (၇၅၀၀) သောင်းကျပ်နှုန်းဖြင့်  စုစုပေါင်း ကျောင်းသား/သူ (၉၀)ဦးအတွက် ငွေ( ရှစ်သန်းငါးသောင်း၄ထောင်ကျပ်တိတိ/-)ကို  မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက  ဝန်ထမ်းသား၊ သမီးများအား အသီးသီး ထောက်ပံ့ ပေးအပ် ခဲ့ကြပြီး မိဘ တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ ကြောင်းသိရသည်။  

 

သတင်း - သက်လွင်စိုး  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)